ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက်မွေးနေ့ကို ဒီနေ့ နေပြည်တော်က တရားရုံးချိန်းမှာ မွေးနေ့ပွဲကျင်းပခဲ့တယ်လို့သိရပါတယ်။
တရားခွင်စမတင်မီ ရှ့နေတွေစီစဉ်ပေးတဲ့ မွေးနေ့ကိတ်ကိုခွဲပြီး ကျင်းပခဲ့တာလို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။
ဒီနေ့တရားခွင်ဟာ ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတဲ့ကိစ္စရပ်တွေမှာ နိုင်ငံဘဏ္ဍာထိခိုက်နစ်နာတယ်ဆိုပြီး စစ်ကောင်စီက သမ္မတဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကိုတရားစွဲထားတဲ့အမှုဖြစ်ပါတယ်။
အဲဒီအမှုအတွက် ဒီနေ့ ရုံးချိန်းမှာ သက်သေအဖြစ် NLD အစိုးရလက်ထက် လူကယ်ပြန် ဒုဝန်ကြီး ဦးစိုးအောင် ကိုစစ်ဆေးတယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ ဇွန်လ ၁၉ ရက်ဖြစ်ပြီး မနေ့ကတော့ မြန်မာပြည်သူတွေဟာ လူမှုကွန်ရက်ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတာပါတယ်။
Photo – AFP
