စစ်ကိုင်း – ရွှေဘိုလမ်းပိုင်းအား ယာယီအသုံးမပြုရန် မေတ္တာရပ်ခံကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (၆)ဖွဲ့က ပူးပေါင်းထုတ်ပြန်သည်။
ယနေ့(ဇွန် ၁၉ ရက်)မှ ဇွန်လ ၂၅ ရက်အထိ စစ်ကိုင်း – ရွှေဘိုလမ်းပိုင်းအသုံးမပြုရန် သတိပေး ထားသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ရာနေရာများသို့ အင်အားဖြည့်တင်းရာတွင် ပြည်သူပိုင်ယာဥ်များကို တားဆီး၍ လိုက်ပါနေခြင်းကြောင့် လမ်းအသုံးမပြုဖို့ မေတ္တာရပ်ခံရခြင်းဟု PHOENIX(SGG) က ဆိုသည်။
“အများပြည်သူအဆင်မပြေမှုများ အတွက်လည်းကြိုတင် တောင်းပန်အပ်ပါသည်”ဟု အထက်ပါအဖွဲ့က ပြောသည်။
ယခုလမ်းပိုင်းဆိုင်ရာ ယာယီပိတ်ပင်မှုကို PHOENIX (SGG)၊ နယ်စီးမခြားစစ်ကိုင်းသား၊ လင်းယုန်ညီနောင်(Sagaing)၊ THE PENTA GRAM(ငါးထောင့်ကြယ်)၊အညာသား (SGG) နှင့် YOUNG WOLF(LPDF) မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။
