စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။
ယနေ့ နံနက် ၈နာရီခန့်က မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် နှင်းဆီလမ်းတွင် ၎င်း၏ ကိုယ်ပိုင်ယာဥ်ပေါ်၌ ပစ်သတ်ခံရခြင်းဟု ဆိုသည်။
“မနက်တစ်ကြောလုံး မုံရွာမြို့ထဲ အစစ်ဆေးကြမ်းနေလို့ စုံစမ်းကြည့်တော့ သန်းဇော်ထွန်း သေတာဖြစ်နေတာ။သူက စစ်တပ်နဲ့ ပေါင်းစားပြီးဆောက်လုပ်ရေး ကုမ္ပဏီဖွင့် ကြီးပွားနေတာ”ဟု မုံရွာမြို့နေပြည်သူတစ်ဦးက People’s Springသို့ ပြောသည်။
မုံရွာခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းသေဆုံးမှုတွင် မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။
မုံရွာမြို့ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ အပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်နေသူများအနေဖြင့် နှုတ်ထွက်ကြရန် တော်လှန်ရေးအင်အားဟုများက မကြာသေးမီလပိုင်းကပင် သတိပေးထားသည်။
