ဇွန်လ (၁၀) ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာသို့ ရောက်စဉ် ကျေးရွာရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်လိုချင်သောပစ္စည်းများအားလုယက်၊ခိုးယူခဲ့သည့်အပြင် ပြည်သူများ၏ ဆိုင်ကယ်များလည်းအဓမ္မသိမ်းယူသွားခဲ့ကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

ယနေ့ (ဇွန်လ ၁၈ရက်နေ့)တွင် အကြမ်းဖက်စစ်တပ်က အဓမ္မသိမ်းယူသွားသော ပြည်သူများ၏ ဆိုင်ကယ် (၁၀) စီးအား မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ဖြစ်သည့် တူမီးဖိုက်တာအဖွဲ့က အကြမ်းဖက်စ်တပ်ထံမှ ပြန်လည်ရယူကာ ပြည်သူများ၏ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်းအသိပေးသည်။
အကြမ်းဖက်စစ်တပ်ထံမှ ပြန်လည်ရယူ၍ ပြည်သူများထံ ပြန်အပ်နှံခဲ့သော ဆိုင်ကယ်များမှာကာလတန်ဖိုး သိန်း ၇၀ ကျော် Scoopy အမျိုးအစား ၅ စီး၊ သိန်း ၂၀ ကျော်တန်ဖိုးရှိ 125 တရုတ်ဘီး ၄ စီး၊ ၁၀သိန်းကျော်တန် ဆိုင်ကလုန်း ၁ စီး၊ စုစုပေါင်း ကာလတန်ဖိုး သိန်း ၁၀၀ ကျော်ဖိုးရှိကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMက ထုတ်ပြန်သည်။
