လွတ်မြောက်နယ်မြေ တစ်နေရာတွင် ယနေ့ (ဇွန်လ ၁၉) ညပိုင်း၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင်အဖြစ် “ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့” ဆိုသည့် စာသားကို ဖယောင်းတိုင်မီးများဖြင့် ပုံဖော်ခဲ့ကြသည်။
ထို့အပြင် ယနေ့နံနက်အစောပိုင်း၌ အဆိုပါ “ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့” စာလုံးအတိုင်း တောပန်းများဖြင့် ထပ်မံ ပုံဖော်ကြမည် ဖြစ်ကြောင်းကိုလည်းသိရသည်။
” (ဒေါ်အောင်ဆန်းစုကြည်) သူမကို ဘာမွေးနေ့လက်ဆောင် လိုချင်လဲလို့ ကိုယ်တိုင်မေးခွင့် မရှိ။ ဒါပေမဲ့ အဖြေကိုတော့ အားလုံးက သိပြီးသားပါ။ ပြည်သူအားလုံးလိုပဲ သူမလည်း နိုင်ငံသစ် တခုလိုချင်မှာပါ။ နိုင်ငံသစ်ဟာ ဆုတောင်းရုံနဲ့တော့ မရဘူး။ နွေဦးတော်လှန်ရေး အောင်မြင်မှသာ၊ အောင်မြင်ဖို့ အားလုံးပါဝင် တိုက်ပွဲဆင်မှသာ ရပါမယ်။ အကောင်းဆုံး မွေးနေ့လက်ဆောင်ကတော့ တော်လှန်ရေးအတွက် ကိုယ်တတ်နိုင်ရာ ကဏ္ဍကနေ ပါဝင်ခြင်းပါပဲ ” ဟု The End of Dictatorship (EOD) တော်လှန်ရေး အင်အားစု အဖွဲ့က လူမှုကွန်ယက် စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။
