ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆို မြို့နယ်၊ဒေါငံခါးကျေးရွာတွင်စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့် ပြည်သူလူထူထွက်ပြေးရင်းနေအိမ်များတွင်ကျန်ရစ်ခဲ့သော ဆိုင်ကယ်များကို ထုတ်ယူနိုင်ခဲ့ပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံမှုများပြုလုပ်နေ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုDMO-Local PDF က ထုတ်ပြန်သည်။
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီး/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ခွဲအချို့နှင့် KA(ကရင်နီတပ်မတော်) တပ်ဖွဲ့အချို့တို့ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် လူထုနေအိမ်မှ ကျန်ရစ်လျက်ရှိသော ဆိုင်ကယ်(၁၆)စီးကို ယနေ့ ပြန်ထုတ်ယူနိုင်ခဲ့သည်ဟုအသိပေးသည်။

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။
“စစ်ကောင်စီက အင် အားသုံးထိုးစစ်ဆင်လာတော့ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတယ်။အများစုကအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးရတော့ ပစ္စည်းတွေကျန်ခဲ့ကြတာ။အခုထိလည်း ထိတွေ့မှုက ရှိသေးတော့ ဘယ်သူမှ ပြန်မလာနိုင်ကြသေးဘူး”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုနှစ် မတ်လ ကစ၍ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိသောဒေါငံခါးကျေးရွာကို စစ်ကောင်စီ တပ်က ဝင်ရောက်တပ်စွဲခဲ့ခြင်း ဖြစ်သည်။
လက်ရှိထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား ပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကာ ကျန်ရစ်သောဆိုင်ကယ်များကို ပိုင်ရှင်ထံ ဆက်လက် အပ်နှံသွားမည်ဖြစ်ကြောင်း ဒီးမော့ဆို PDFက အသိပေးထားသည်။
