close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ရဟတ်ယာဉ် ပျက်ကျပြီး ၈ ဦးသေ

အင်ဒိုနီးရှား နိုင်ငံမှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၆ ရက် မနက်ပိုင်းက အနောက် ကာလီမန်တန် ပြည်နယ်ကနေ ပျံတက်သွားပြီး ၅ မိနစ်အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားတဲ့ ရဟတ်ယာဉ်ရဲ့ အပျက်အစီးတွေကို အဲဒီနေ့မှာပဲ ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရှာဖွေရေး မစ်ရှင်မှာ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေကပါ ပူးပေါင်း ကူညီပေးခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ ကြမ်းတမ်းပြီး တောတောင်ထူတဲ့ တောင်စောင်းနေရာ တစ်ခုမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ ဦးအပါအဝင် လိုက်ပါသွားသူ ၈ ဦးစလုံး သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ ပြည်တွင်းခရီးစဉ် တစ်ခုအတွက် ပျံသန်းရင်း ပျက်ကျသွားခဲ့တာပါ။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ဆူကာဒေါမြို့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းစုံစမ်းရေးယူနစ် အကြီးအကဲ ဇိုင်နယ်လ် အဘီဒင်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ရှာတွေ့ခဲ့တဲ့ ရုပ်အလောင်း ၈ ခုစလုံးကိုလည်း အနီးမှာရှိတဲ့ ပွန်တီယန်နက်ခ်မြို့ဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကို ဒေသခံ လေကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ကုမ္ပဏီ Matthew Air Nusantaraက ပိုင်ဆိုင်ပါတယ်။

ကျွန်းပေါင်း ထောင်နဲ့ချီ စုဝေးဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ သယ်ယူပို့ဆောင်ရေးအတွက် လေကြောင်းခရီးစဉ်တွေအပေါ် ကြီးကြီးမားမား မှီခိုထားရပါတယ်။ ဒါပေမဲ့လည်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ လေကြောင်း သယ်ယူပို့ဆောင်မှု လုံခြုံရေး ကဏ္ဍမှာ သိပ်ပြီး စိတ်ချစရာ မဟုတ်တဲ့ မှတ်တမ်းမျိုးကို ပိုင်ဆိုင်ထားပါတယ်။

ဇန်နဝါရီလတုန်းက အင်ဒိုနီးရှား ငါးလုပ်ငန်း ဦးစီးဌာနက စင်းလုံးငှားထားတဲ့ ပန်ကာတပ် လေယာဉ်တစ်စီးဟာ ဆူလာဝေဆီကျွန်းမှာ ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၁၀ ဦးစလုံး သေဆုံးခဲ့ပါတယ်။ မနှစ်က စက်တင်ဘာလတုန်းကလည်း တောင်ပိုင်း ကာလီမန်တန်မှာ ရဟတ်ယာဉ်တစ်စီး ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာကြောင့် လိုက်ပါသွားသူ လေယာဉ်မှူး နှစ်ဦးနဲ့ ခရီးသည် ၆ ဦးတို့အားလုံး သေဆုံးခဲ့ပါတယ်။ နောက်ထပ် နှစ်ပတ်လောက် အကြာမှာပဲ ပါပူအာမှာ ရဟတ်ယာဉ်တစ်စီး ထပ်မံပျက်ကျပြီး လူ ၄ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: CNA
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့တဲ့ မြေတိမ်ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး၊ ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်မှာ မဂ္ဂနီကျု ၇.၄ အဆင့် အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီး ဒေသတွင်း နိုင်ငံတချို့မှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ထိမှန်ခဲ့ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် လုံး၀ပျက်စီးသွားတာမျိုးမရှိဘဲ ဆက်လက်ထွက်ခွာသွားကြောင်း KIAနဲ့ ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကို စစ်ရေးထက် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ပဲ အဓိက ရည်ရွယ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Facebook