close
Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက်မှာ လေပြင်းတိုက်ခတ်လို့ နေအိမ် ၃၀၀ နီးပါးပျက်စီး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ-၁၇၊ ၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၇ ရက် ညနေ ၃နာရီကစပြီး လေပြင်း တိုက်ခိုက်ခဲ့တာကြောင့် ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်းက ချောင်းဝ၊ မြို့ကိုင်နဲ့ ကွပ်သစ်ကျေးရွာက နေအိမ်တွေ ပျက်စီးခဲ့တာလို့ သိရပါတယ်။

“ ​လေကတော့ တောက်လျှောက်တိုက်တာ ။ ဘယ်လောက်ထိတိုက်လဲဆိုတော့ ၃ နာရီလောက်ကတိုက်တာ ၅ နာရီ ၁၅ မိနစ်လျှောက်မှ ရပ်သွားတယ်။ ရွာသုံးရွာပေါင်းရင် သုံးရာနီးပါးတော့ရှိမယ် ပျက်စီးသွားတာ “ လို့ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူး ကရင်လေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်တွေပျက်စီးသွားတဲ့အပြင် လူထိခိုက်မှုတချို့လည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တင်္နသာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်(ကရင်နီပြည်နယ်)၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နနဲ့ ရှမ်း ပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့ အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုး ပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူး ကရင်လေး

ဆက်စပ်သတင်းများ

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ ပန်သပြေရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် ပင်လုံမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်လဲကျပြီး ကလေးငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

သတင်း

ဗီယက်နမ်နိုင်ငံကိုဝင်ရောက်ခဲ့သည် ဝီဖာ(Wipha)မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးနှင့်လေ ပြင်းထန်နေစဉ် ယနေ့(ဇူလိုင်၂၄ရက်) တစ်နေ့တည်း ရန်ကုန်၊ မြစ်ကြီးနား၊မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့၌ လေပြင်းပြင်းတိုက်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။

Facebook