close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-လက်ဘနွန် အပစ်ရပ် သဘောတူညီမှုကို ထရမ့်ကြေညာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

အမေရိကန် စံတော်ချိန် ညနေ ၅း၀၀ နာရီကစပြီး အပစ်ရပ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ညှိနှိုင်း လက်ခံခဲ့ကြောင်း ထရမ့်က ဧပြီ ၁၆ ရက်နေ့မှာ လူမှုကွန်ရက် မီဒီယာပေါ် ရေးသားခဲ့ပါတယ်။ ထရမ့်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နေ့စွဲမပါခဲ့ပေမယ့် အမည်ဖော်မပြတဲ့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ အပစ်ရပ် သဘောတူညီမှုဟာ အဲဒီနေ့မှာပဲ အစပြုတဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။

အစ္စရေးဟာ အမေရိကန်နဲ့ အီရန်ကြားက အပစ်ရပ် သဘောတူညီမှုအရ အီရန်မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့လည်း အဲဒီ အပစ်ရပ် သဘောတူညီမှုဟာ လက်ဘနွန်မှာတော့ အကျုံးမဝင်ဘူးလို့ အစ္စရေး အစိုးရက ကြေညာပြီး စစ်ပွဲကို ဆက်နွှဲနေခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဟာ လက်ဘနွန် အခြေစိုက် အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေနဲ့ စစ်ခင်းနေတာဖြစ်ပြီး လက်ဘနွန် နိုင်ငံကတော့ စစ်ပွဲထဲ ဆွဲသွင်းခံရတဲ့ အခြေအနေ ဖြစ်ခဲ့သလို အရပ်သား အများအပြား သေကြေပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၊ လက်ဘနွန် သမ္မတ ဂျိုးဆက် အွမ်းတို့နဲ့ အကောင်းဆုံး ဆွေးနွေး ပြောဆိုဖြစ်ခဲ့တယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ ကနဦး ဖော်ပြခဲ့ပါတယ်။ နောက်ထပ် ပို့စ်တစ်ခုမှာတော့ နှစ်ဖက် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ နိုင်ငံတွေကြား ငြိမ်းချမ်းရေး ရယူဖို့ သဘောတူခဲ့ကြပြီး ၁၀ ရက်ကြာ အပစ်ရပ် သဘောတူညီမှုကို ညနေ ၅း၀၀ နာရီမှာ စတင်မှာဖြစ်ကြောင်း ထရမ့်က ရေးသားထားပါတယ်။

သူက အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ အထမြောက်လာစေဖို့ နေတန်ညာဟုနဲ့ အွမ်းကို အိမ်ဖြူတော်ဆီ ဖိတ်ကြားလိုတယ်လို့လည်း အတည်ပြုထားပါတယ်။

ထရမ့်က လက်ဘနွန် တောင်ပိုင်းမှာ အခြေပြု လှုပ်ရှားနေတဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့အနေနဲ့လည်း အစ္စရေးနဲ့ ရယူထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လေးစားလိုက်နာဖို့ သတိပေးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတွေ အနေနဲ့ အခုလို သိပ်အရေးကြီးတဲ့ ကာလတစ်ခုမှာ လိမ်လိမ်မာမာ နေကြဖို့ သူမျှော်လင့်တယ်လို့ ထရမ့်က ဆိုပါတယ်။

အဲဒီလို အနေအထိုင် ပါးနပ်မယ်ဆိုရင် ဟစ်ဇ်ဘိုလာတွေ အတွက်လည်း ကောင်းမွန်တဲ့ အခိုက်အတန် ဖြစ်လာနိုင်ကြောင်း၊ သတ်ဖြတ်မှုတွေ ထပ်မရှိတော့ဘဲ နောက်ဆုံးမှာ ငြိမ်းချမ်းရေးကို ရယူနိုင်မှာ ဖြစ်ကြောင်းလည်း ထရမ့်က Truthမှာ ရေးသားထားခဲ့ပါတယ်။

အခု အပစ်အခတ် ရပ်စဲမှုဟာ နှစ်နိုင်ငံ အစိုးရတွေကြား ညှိနှိုင်း သဘောတူညီမှုဖြစ်ပြီး ဟစ်ဇ်ဘိုလာနဲ့ တိုက်ရိုက် အကျုံးမဝင်ပါဘူး။

အစ္စရေး အရာရှိ တစ်ဦးကတော့ ဟစ်ဇ်ဘိုလာတွေဆီက တိုက်ရိုက် ခြိမ်းခြောက်မှု ရှိမလာမချင်း အစ္စရေးဟာ အပစ်ရပ် ကာလအတွင်း တိုက်ခိုက်မှုတွေ အားလုံး ရပ်စဲထားမယ်လို့ ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကတော့ အပစ်ရပ် သဘောတူညီမှုကို ကြိုဆိုခဲ့ပေမယ့် စစ်မှန် ရှည်ကြာတဲ့ ငြိမ်းချမ်းရေးမျိုးကို အာမခံနိုင်ဖို့ဆိုရင် ဟစ်ဇ်ဘိုလာတွေကို လက်နက် ဖြုတ်သိမ်းဖို့လိုကြောင်း သတိပေးထားပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters, Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သန့်စင်ပြီး ယူရေနီယမ်တွေကို လက်လွှဲပေးဖို့ အီရန်က သဘောတူထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ရေးကိစ္စ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အတည်ပြု လက်ဘနွန်မှာ အစ္စရေးက လုပ်ဆောင်နေတဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ရပ်ဆိုင်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံမှာ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။ လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းက လာမယ့် သီတင်းပတ်ကျရင် ဝါရှင်တန်ဒီစီ မြို့မှာ...

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူတွေ အများအပြား သေဆုံးနေတဲ့ အခြေအနေဟာ အရမ်း ဆိုးရွားတဲ့အဆင့် ရောက်လာနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားပေမယ့် အီရန်နဲ့ စစ်ပြန်တိုက်ရမယ် ဆိုရင်လည်း အသင့်ပဲလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

Facebook