close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ Africa House London အဖွဲ့ ဥက္ကဋ္ဌ​တောင်းဆို

မြန်မာ့ ရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ ဗြိတိန်နိုင်ငံက Africa House London အဖွဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဆမ်မီတီဂိုလည်း ပူးပေါင်း ပါဝင်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

ဧပြီ-၁၇၊၂၀၂၆။People’s Spring

မြန်မာ့ ရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ ဗြိတိန်နိုင်ငံက Africa House London အဖွဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဆမ်မီတီဂိုလည်း ပူးပေါင်း ပါဝင်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာပေါ် တင်ထားတဲ့ ဗီဒီယိုမှာတော့ ဆမ်မီတီဂိုဟာ လက်ဝါးမှာ ‘Free Aung San Suu Kyi’ဆိုတဲ့ စာသားကို ရေးသားပြထားတာ တွေ့ရသလို ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်းလည်း ပြောကြားထားပါတယ်။ သူဟာ ယူဂန္ဓာနွယ်ဖွား ဗြိတိန် နိုင်ငံသား တစ်ဦးဖြစ်ပြီး အစိုးရ ဆက်ဆံရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဆိုင်ရာ ကျွမ်းကျင် ပညာရှင်တစ်ဦးပါ။

နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုရင်း အကျဉ်းထောင်ဝတ်စုံ အပြာရောင်အင်္ကျီကို အသက်ထက်ဆုံးဝတ်ဆင်သွားခဲ့သူ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂နှစ်ပြည့်မှာ လက်ရှိအကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး​တော့ Blue Shirt Campaign ကို ဧပြီလ ၁၀ရက်မှ ၂၁ရက်အထိ ပြုလုပ်​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ အညာရဲ့ရာသီဥတုဟာ သိသိသာသာကြီးကို ပူပြင်းနေခဲ့တယ်။ ခြေထောက်တွေဆိုရင် ဖိန်းလို့ရှိန်းလို့။ မနက်လင်းကတည်းက ကျနော်ဟာ သွားလေရာ ဖုန်းတပွတ်ပွတ်နဲ့ အိန္ဒြေမရခဲ့ဘူး။ ဒီနေ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာမို့ သေချာတဲ့သတင်း တွေ့ရနိုး တွေ့ရနိုးနဲ့ မျှော်နေခဲ့တာပါ။

သတင်း

ဧပြီ – ၁၇ ၊၂၀၂၆ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက် ပုံ တစ် ပုံလောက်ပဲ အာဏာသိမ်း စစ်တပ်က လျှော့ချပေးလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့...

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမျိုးစုံထွက်​နေ​ပေမယ့် တရားဝင်သတင်း ဘာမှ မသိရ​သေးဘူးလို့ NLD ပါတီ​ပြော​ရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်က​ပြောကြားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှု (၅)နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး အမှားတွေ သင်ခန်းစာယူကာ ပိုထိရောက်တဲ့ တော်လှန်ရေးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်သလို ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ...

Facebook