close
Connect with us

Hi, what are you looking for?

သတင်း

BPLA တပ်တည်ထောင်ခြင်း ၅နှစ်ပြည့်သို့ NUG ကာကွယ်ရေး ဂုဏ်ပြုသဝဏ်လွှာပို့

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဧပြီ ၁၇၊ ၂၀၂၆။ People’s Spring

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေ၊ ရှမ်းမြောက်နဲ့ အညာဒေသ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ BPLA ဟာ ဒီကနေ့ ဧပြီ ၁၇ရက်မှာ တပ်ဖွဲ့တည်ထောင်တာ ၅နှစ် ပြည့်ပြီဖြစ်ပါတယ်။

BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက “ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်တဲ့အထိ ကြိုးပမ်းအားထုတ်သွားမှာဖြစ်ကြောင်း ပြည်သူတွေကို အသိပေးလိုပါတယ်”လို့ People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာတနိုင်ငံလုံးကို ဆယ်စုနှစ်ချီ ဖိနှိပ်အုပ်ချုပ်လျှက်ရှိတဲ့ စစ်အာဏာရှင်စနစ် ချေမှုန်း တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ BPLA အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း NUG ကာကွယ်ရေးက အသိပေးပါတယ်။

“၅ နှစ်တာ ကာလအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် ပြည်သူ့ ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ကာ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မဆုတ်မနစ် ကြိုးပမ်းလာခဲ့ပြီး ယခုအခါ ပြည်သူအားလုံးအတွက် အားကိုး ထိုက်သော တပ်တော်တခုအဖြစ် ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်” လို့ သဝဏ်လွှာမှာရေးသားထားပါတယ်။

တော်လှန်ရေးခရီးကြမ်းတွင် အသက်၊ ခန္ဓာပေးဆပ်ခဲ့ကြသော BPLA တပ်တော်သား အပေါင်း အား လေးစားဦးညွှတ်ကြောင်း ဖော်ပြထားပြီး ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် အခက်အခဲပေါင်းစုံကို ကြံ့ကြံ့ခံရင်း တာဝန်ထမ်းဆောင် နေကြသည့် ရဲဘော်များ၊ တပ်မှူးများနဲ့ ခေါင်းဆောင်များ အားလုံး ကိုလည်း လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က နှစ်ဦးသဝဏ်လွှာ ပေးပို့ခဲ့ရာ မကြာသေးမီက ဖွဲကစည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ အမျိုးသားညီညွတ်မှုအားကို အရင်းတည်ပြီး ပန်းတိုင်အရောက်ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှု (၅)နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး အမှားတွေ သင်ခန်းစာယူကာ ပိုထိရောက်တဲ့ တော်လှန်ရေးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်သလို ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ...

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ဆောင်နေတဲ့ ဆေးတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်တာ ပြုလုပ်ခဲ့တယ်လို့ ချင်းပြည်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုများစွာ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို အကြိမ်ကြိမ်ကျူးလွန်ပြီး သမ္မတ ရာထူးကို အဓမ္မရယူထားသူဖြစ်တယ်ဆိုတာပြတ်ပြတ်သားသားမြင်ကြဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မင်းဝင်းခိုင်သန်းက ပြောကြားခဲ့ပြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားကို ချနင်းခဲ့ဟု အသိပေးပါတယ်။

Facebook