close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားတိုက်လေယာဉ်မြေပေါ်ရှိနေတုန်းအရေးပေါ် ခုန်ထွက်တဲ့စနစ် အသက်ဝင်လာလို့ လေယာဉ်မှူးနှစ်ဦး သေဆုံး

ရုရှားတိုက်လေယာဉ်တစ်စီး မြေပြင်ပေါ်မှာ ရှိနေတုန်းအရေးပေါ် ခုန်ထွက်တဲ့စနစ်အသက်ဝင်သွားရာက လေယာဉ်မှူးနှစ်ဦးသေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ-၉၊၂၀၂၅။People’s Spring

ရုရှားတိုက်လေယာဉ်တစ်စီး မြေပြင်ပေါ်မှာ ရှိနေတုန်းအရေးပေါ် ခုန်ထွက်တဲ့စနစ်အသက်ဝင်သွားရာက လေယာဉ်မှူးနှစ်ဦးသေဆုံးခဲ့ပါတယ်။

လေယာဉ်မှူးရော၊ လက်နက်နဲ့ ရေဒီယို ထိန်းချုပ်ရေး အရာရှိပါ ဒီဇင်ဘာ ၇ ရက်နေ့ မတော်တဆမှုမှာ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး နောက်တော့ အသက်ပါ ဆုံးရှုံးသွားကြောင်း ဒေသခံ မီဒီယာတွေကဖော်ပြခဲ့ပါတယ်။

အဲဒီ တိုက်လေယာဉ်ဟာရုရှားလေတပ်ရဲ့ဗုံးကြဲ တိုက်ခိုက်ရေးယူနစ်တစ်ခုရဲ့လေယာဉ်ရုံထဲ ရပ်ထားတုန်းမှာ မတော်တဆမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ရုရှားလေတပ်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာဖြေရှင်းချက်မှ မပေးပါဘူး။

Public Service Announcement

Public Service Announcement

သတင်းတွေထဲမှာစနစ်အမှားအယွင်းဖြစ်ခဲ့တဲ့ လေယာဉ် အမျိုးအစားကို ဖော်ပြမထားခဲ့ပေမယ့် နှစ်ယောက်စီး ဗုံးကြဲ တိုက်လေယာဉ် အမျိုးအစားလို့ ဖော်ပြထားပါတယ်။ ရုရှားလေတပ်မှာ နှစ်ယောက်စီး ဗုံးကြဲ တိုက်ခိုက်နိုင်တဲ့ လေယာဉ် အမျိုးအစားတွေအဖြစ် Su-24နဲ့ ပိုပြီး အဆင့်မြင့်တဲ့ Su-34တွေကို ပိုင်ဆိုင်ထားပါတယ်။

ရုရှားရဲ့ TU-22M3နဲ့ Tu-160တို့လိုဗုံးကြဲလေယာဉ်တွေကတော့ အဖွဲ့သား ၄ ယောက်ထိ တာဝန်ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။

အရေးပေါ် အခြေအနေမျိုးမှာ လေယာဉ်မှူးတွေ ခုန်ထွက်နိုင်ဖို့ စီစဉ်ပေးထားတဲ့ စနစ်ဟာ မြေပြင်ပေါ်မှာ အသုံးပြုရင်တော့ အတော်လေး အန္တရာယ်များတဲ့ အခြေအနေမျိုးလို့ ဆိုပါတယ်။ ထိုင်ခုံတွေကို တွန်းလွှတ်ဖို့အတွက် ပေါက်ကွဲအား ပြင်းထန်တဲ့ ဒုံးကျည်အင်ဂျင် အသေးစားတွေကို အသုံးပြုထားပြီး အနိမ့်ပိုင်း၊ ဒါမှမဟုတ်မြေပြင်ပေါ်မှာ အဲဒီစနစ် အသက်ဝင်သွားရင် အပြင်းအထန် ဒဏ်ရာရနိုင်သလိုလေထီးမပွင့်တာမျိုးလည်းကြုံနိုင်ပါတယ်။နောက်ပြီးလေယာဉ်ရုံထဲမှာရှိနေရင် အဆောက်အအုံ အမိုးနဲ့ ဆောင့်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အခုမတော်တဆမှုမှာတော့ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးဟာ ဘယ်လိုအခြေအနေကြောင့် သေတဲ့အထိ ဒဏ်ရာရသွားသလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

၂၀၂၁ တုန်းကလည်း အလားတူ အခြေအနေမျိုးအဖြစ် ရုရှားရဲ့ Tu-22M3 ဗုံးကြဲလေယာဉ်တစ်စီး မြေပေါ်မှာ ရှိနေတုန်း ထိုင်ခုံရဲ့ တွန်းကန်စနစ်တွေ အလိုအလျောက် အသက်ဝင်ခဲ့ရာက အမှုထမ်း ၃ ဦး သေဆုံးခဲ့ပါတယ်။

ဒါမျိုးအလွဲအမှားကရုရှားမှာပဲဖြစ်လေ့ရှိတာတော့ မဟုတ်ပါဘူး။အ​မေရီကန်နိုင်ငံမက်ဆာချူးဆက်မှာလည်း ဩဂုတ်လတုန်းက အမေရိကန် အရန်လေတပ်ဖွဲ့ရဲ့ F-15D တစ်စီးဟာ မြေပြင်မှာ ရှိနေတုန်း လေယာဉ်မှူး အရေးပေါ်ခုန်ထွက်တဲ့စနစ် အသက်ဝင်သွားခဲ့ဖူးပါတယ်။ ဒါ​ပေမယ့်အဲဒီဖြစ်စဉ်မှာတော့ လူအသေအပျောက် မရှိခဲ့ပါဘူး။

ကိုးကား: Aerotime

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နောက်တစ်ခါ လေပိုင်နက် ကျူးကျော်လာရင် ရုရှား တိုက်လေယာဉ်တွေကို ပစ်ချတော့မယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က အတိအလင်း အသိပေးထားပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့တဲ့၊ အန္တရာယ်များလွန်းတဲ့၊ တင်းမာမှုတွေကို မြင့်တက်စေတဲ့ မီးမွှေးမှုတွေ ဖြစ်နေတယ်လို့ ရုရှားဖက်က ဝေဖန်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား တိုက်လေယာဉ်တွေရဲ့ လေပိုင်နက်ကျူးကျော် ထိပါးမှုကို ကြုံခဲ့တဲ့နောက် အက်စ်တိုးနီးယားဟာ တခြားသော NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီကနေ အကြံဉာဏ် တောင်းခံခဲ့ပါတယ်။