close
Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အကြိုလှုပ်ရှားမှုအဖြစ်စစ်ကိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၆) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ဆားလင်းကြီးသပိတ်

ဒီဇင်ဘာ ၆၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၆) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းမှရဲဘော်တွေက စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆောင်ပြီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်မှာလည်းလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊လူ့အခွင့်ရေးတာဝန်ခံတွေ၊ အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာတာဝန်ခံတို့မှပူးပေါင်းပြီးအပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့အကြိုဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ဆာလင်းကြီးမြို့နယ်မှာလည်းသပိတ်အင်အားစုနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ နယ်မြေတာဝန်ခံတွေနဲ့အတူ ရွေးကောက်ပွဲဆန့်ကျင်ရေး Billboardလှုပ်ရှားမှုကိုဆောင်ရွက်ခဲ့ကြပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တို့မှာ အပိုင်းလိုက်ကျင်းပမယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးနဲ့အတူ ဆားလင်းကြီးမြို့နယ်အတွင်း ပြည်သူလူထုကလည်း အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ