close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကို သပိတ်​မှောက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အင်အားစုတွေက ဒီနေ့ (ဒီဇင်ဘာ၅)မှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ-၅၊၂၀၂၅။သတိုး/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အင်အားစုတွေက ဒီနေ့ (ဒီဇင်ဘာ၅)မှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။

အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကိုကိုင်ဆောင်ပြီး ချီတတ်ဆန္ဒပြခဲ့ပါတယ်။

အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်ကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာမပေးကြဖို့အတွက် “ ဖက်ဆစ်ရွေးကောက် သပိတ်မှောက် တော်လှန်ရေးကို ရဲရဲလျှောက်” လို့ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ယင်းမာပင်မြို့နယ်မြောက်ခြမ်းနောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သပိတ်ပါဝင်တဲ့ တော်လှန်ပြည်သူတွေက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့’ ၊” ဖက်ဆစ်‌ရွေးကောက် ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်” စာတန်းတွေကိုင်ဆောင်ထားကြပြီး နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ကြွေးကြော်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဘေဘုတ်တွေ ထောင်ပြီး အာဏာရှင်ဆန့်ကျင်ရေးလှူပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားရေးသားထားတဲ့ ဘေဘုတ်ကြီးတွေကို ဆာလင်းကြီးမြို့နယ်သပိတ်အင်အားစုတွေအပါအဝင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နယ်မြေတာဝန်ခံ‌တွေက မနေ့က (ဒီဇင်ဘာ ၄ ရက်) မှာ စိုက်ထူခဲ့တာဖြစ်ပါတယ်။

“ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တို့မှာ အပိုင်းလိုက်ကျင်းပမယ့် အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးနဲ့အတူ ဆားလင်းကြီးမြို့နယ်အတွင်း ပြည်သူလူထုကလည်း အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်နေကြတာဖြစ်ပါတယ်။ ” လို့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြောထားပါတယ်။

ဆက်စပ်သတင်းများ