close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖလော်ရီဒါ အဝေးပြေးလမ်းနား လေယာဉ်ငယ်ပျက်ကျပြီး ၃ ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ အဓိက အဝေးပြေး လမ်းမကြီး တစ်ခုနားကို လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ အဓိက အဝေးပြေး လမ်းမကြီး တစ်ခုနားကို လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။

ပန်ကာ နှစ်လုံးတပ် Cessna 310R အမျိုးအစား လေယာဉ်ငယ်ဟာ ဧပြီ ၁၁ ရက်နေ့က ဘိုကာ ရာတန်မြို့ လေဆိပ်ကနေ ပျံတက်ခဲ့ပြီး နောက်ထပ် မိနစ်ပိုင်း အကြာမှာပဲ ပျက်ကျပြီး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ၃ ဦးသေပြီး ၁ ဦး ဒဏ်ရာရခဲ့တဲ့ ပျက်ကျမှု ဖြစ်စဉ် မတိုင်ခင် လေယာဉ်ဟာ လာရာလမ်းအတိုင်း လေဆိပ်ဆီ ပြန်လှည့်ဖို့ ကြိုးစားခဲ့တာကိုလည်း ပျံသန်းမှု ခြေရာခံ မှတ်တမ်းတွေအရ သိရပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မထုတ်ပြန်သေးပေမယ့် စက်ချွတ်ယွင်းတဲ့ ပြဿနာ တစ်ခုခု ကြုံခဲ့ဟန် ရှိတယ်လို့ အာဏာပိုင်တွေက ကနဦး မှတ်ချက်ပေးထားပါတယ်။ လေယာဉ်ရဲ့ အပျက်အစီးတွေက အနီးတဝိုက်မှာရှိတဲ့ ရထားလမ်းပေါ်ထိ ပျံ့နှံ့ ရောက်ရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ရဲတပ်ဖွဲ့က လေယာဉ်ပေါ် စီးနင်းလိုက်ပါခဲ့သူ ၃ ယောက်စလုံး အသက်မရှင်ခဲ့ကြောင်း နောက်ထပ် ၂ နာရီလောက် အကြာမှာ အတည်ပြုခဲ့ပြီး ဒဏ်ရာရခဲ့သူကတော့ လေယာဉ်ပျက်ကျတဲ့ နေရာနားက ကားတစ်စီးထဲမှာ ရှိနေခဲ့တာပါ။ သူ့ကို ဆေးရုံတင်ပို့ထားပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်မောင်းသူဟာ လေယာဉ် ထိုးကျလာပြီး ပေါက်ကွဲတဲ့ နေရာနားက ဖြတ်မောင်းရင်း ကားကို လမ်းဘေး သစ်ပင်နဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်တယ်လို့လည်း ရဲတွေက ပြောပါတယ်။

အခင်းဖြစ်ပွားရာ ဘိုကာ ရာတန်မြို့ရဲ့ မြို့တော်ဝန် စကော့ စပရင်ဂါဟာ ကွယ်လွန်သူတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း မြို့ရဲ့ကိုယ်စား ကြေညာခဲ့ပါတယ်။ ပြီးတော့ မီးကို ထိထိရောက်ရောက် ငြှိမ်းသတ်ပြီး နောက်ဆက်တွဲ ထိခိုက်မှုတွေကို အနည်းဆုံးထိ လျှော့ချနိုင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့နဲ့ အခင်းဖြစ်တဲ့ နေရာဆီ အမြန်ဆုံး သွားရောက်ခဲ့တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း မြို့တော်ဝန်က ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။

Cessna 310R အမျိုးအစား လေယာဉ်တွေဟာ လူ ၆ ဦးထိ တင်ဆောင်နိုင်စွမ်း ရှိပါတယ်။ အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့က အခုဖြစ်စဉ်ကို တာဝန်ယူ စစ်ဆေးသွားမယ်လို့ ကြေညာထားပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်ကလည်း နယူးယောက် မြို့မှာရှိတဲ့ ဟတ်ဒ်ဆန် မြစ်ထဲကို ကမ္ဘာလှည့် ခရီးသည်တွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး လူ ၆ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့နောက် ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့သလို လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အခုတော့ ဦးခေါင်းခွံရဲ့ ဇစ်မြစ်ကို ထောက်လှမ်း ရှာဖွေဖို့အတွက် ဖလော်ရီဒါရဲ့ လီကောင်တီခရိုင် ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါပြီ။ အခုကိစ္စဟာ မှုခင်းဖြစ်စဉ်တွေနဲ့ ရှုပ်ထွေး ဆက်စပ်လာနိုင်တယ်လို့လည်း ရဲတွေက သံသယ ရှိနေပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ တေလန်ရဲ့ ဖခင်ဖြစ်သူ သောမတ်စ် မော့စ်လေကို လူသတ်မှု နှစ်ခုအတွက် ရဲတွေက စွဲချက်တင် ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျ မသိသေးဘဲ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။