close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတ အချုပ်အနှောင်ကနေ လွတ်မြောက်လာ

ကြားနာ စစ်ဆေးမှုတွေအတွက် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ မတ်လ ၈ ရက်နေ့မှာ အချုပ်အနှောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ကြားနာ စစ်ဆေးမှုတွေအတွက် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ မတ်လ ၈ ရက်နေ့မှာ အချုပ်အနှောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ် သမ္မတဟာ ဒီဇင်ဘာ ၆ ရက်နေ့တုန်းက နာရီပိုင်းလောက်သာ သက်တမ်းကြာခဲ့ပြီး မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုအပြီး ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တွေ၊ လွှတ်တော်ရဲ့ ပြစ်တင် ရှုတ်ချမှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

ယွန်အတွက် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို ပယ်ဖျက်စေဖို့ တရားရုံး တစ်ခုက အမိန့်ချခဲ့ပြီး အစိုးရ ရှေ့နေတွေကလည်း အဲဒီ အမိန့်ကို အယူခံ မဝင်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့နောက် သမ္မတဟာ ဆိုးလ်မြို့မှာရှိတဲ့ အချုပ်အနှောင် နေရာကနေ ပြန်လွတ်လာခဲ့တာပါ။ ဒါပေမဲ့ သူဟာ ရာထူးတာဝန်တွေကနေတော့ ဆက်ပြီး ဆိုင်းငံ့ခြင်း ခံထားရဆဲပါပဲ။

ယွန်အတွက် ထုတ်ထားတဲ့ ဖမ်းဝရမ်းကို ဆိုးလ်ဗဟိုခရိုင် တရားရုံးက မတ်လ ၇ ရက်နေ့မှာ ပယ်ဖျက်စေခဲ့တာ ဖြစ်ပါတယ်။ သူ့အတွက် ဖမ်းဝရမ်း ထုတ်ထားမှုက တရားဥပဒေ စံနှုန်းတွေနဲ့ မကိုက်ညီခဲ့ကြောင်း၊ အဲဒီအမှားကို ရဲရဲရင့်ရင့် ပြန်ပြင်ဆင်ပေးခဲ့တဲ့ ဆိုးလ်ဗဟိုခရိုင် တရားရုံးကို ကျေးဇူးတင်တယ်ဆိုတာ အလေးအနက် ပြောလိုကြောင်း ယွန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အချုပ်အနှောင်က လွတ်လာတဲ့နောက် ယွန်ဟာ ကားထဲက ထွက်ရင်း သူ့ကို ထောက်ခံအားပေးသူတွေကို လက်ပြ နှုတ်ဆက်ပြီး ဦးညွှတ် အရိုအသေ ပေးခဲ့တာကို တွေ့ရပါတယ်။ ယွန်ကို ထောက်ခံသူတွေက တောင်ကိုရီးယားနဲ့ အမေရိကန် အလံတွေကို ဝှေ့ရမ်းရင်း သူ့ကို အော်ဟစ် ကောင်းချီးပေးနေခဲ့ကြပါတယ်။

ယွန်ပြန်လည်လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး အစိုးရ ရှေ့နေတွေဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီကတော့ ယွန်ရဲ့ ဖမ်းဝရမ်း ပယ်ဖျက်ခံရမှုကို အယူခံ မဝင်တဲ့ အစိုးရ ရှေ့နေတွေရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ယွန်ပြန်လွတ်လာတာဟာ နိုင်ငံနဲ့ ပြည်သူတွေကို အကျပ်အတည်းထဲ ပစ်ချလိုက်သလိုပဲလို့ စွပ်စွဲပြောဆိုထားကြပါတယ်။ နောက်ပြီး ယွန်ကို သမ္မတ ရာထူးကနေ တရားဝင် ဖြုတ်ချဖို့ကိစ္စ မြန်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးကိုလည်း ဒီမိုကရက်တစ် ပါတီက တောင်းဆိုထားပါတယ်။

ယွန်ပြန်လွတ်လာတဲ့နေ့က ဆိုးလ်မြို့လယ် ခရိုင်တွေမှာ သူ့ကို ထောက်ခံသူ ၅၅၀၀၀ လောက်က စုဝေး အင်အားပြခဲ့ပြီး အခြေခံ ဥပဒေ ခုံရုံးနားမှာတော့ သူ့ကို ဆန့်ကျင်သူ ၃၂၅၀၀ လောက်က ဆန္ဒပြခဲ့တယ်လို့ ယွန်ဟပ် သတင်းဌာနက ဖော်ပြသွားပါတယ်။

Gallup Koreaက မတ်လ ၇ ရက်နေ့မှာ ကောက်ယူတဲ့ စစ်တမ်း တစ်ခုမှာတော့ ကိုရီးယားပြည်သူ အများစုဟာ ယွန်ကို ဆန့်ကျင်ကြောင်း ရလဒ် ထွက်ပေါ်ခဲ့ပြီး စစ်တမ်းဖြေဆိုသူ ၆၀ ရာခိုင်နှုန်းက ယွန်ဟာ သမ္မတနေရာကနေ ဖယ်ရှားခံထိုက်တယ်လို့ သဘောထား ပေးခဲ့ကြပါတယ်။ ယွန်ကို သမ္မတအဖြစ်က ထုတ်ပယ်တာမျိုး မဖြစ်သင့်ကြောင်း မဲပေးသူကတော့ ၃၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ကျန်တဲ့ ၅ ရာခိုင်နှုန်းကတော့ ပြတ်သားတဲ့ အဖြေတစ်ခု မပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ယွန်ဆွတ်ခ်ယောကို ဖမ်းဆီး ထိန်းသိမ်းထားခွင့် ရမန်ကာလကို တိုးမြှင့်ပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက ခွင့်ပြုပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဖမ်းဆီးခံထားရသူ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ စုံထောက်အရာရှိတွေဆီက မေးခွန်းတွေကို ဖြေဆိုသွားမှာ မဟုတ်ဘူးလို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

နိုင်ငံတကာ

ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ သမ္မတ ယွန်ဆွတ်ခ်ယောဟာ အမှုစစ် အရာရှိတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို တောင်ကိုရီးယား တရားရုံးတစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

Facebook