close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

SpaceXရဲ့ အာကာသယာဉ် ပေါက်ကွဲမှုအပြီး ဖလော်ရီဒါ လေဆိပ်တွေမှာ ခရီးစဉ်တွေ ယာယီဆိုင်းငံ့ခဲ့ရ

SpaceXကုမ္ပဏီရဲ့ Starship အာကာသယာဉ် စမ်းသပ် လွှတ်တင်မှုမှာ ပေါက်ကွဲမှုဖြစ်ပြီး အပျက်အစီးတွေ ကျရောက်လာနိုင်တဲ့ အခြေအနေကြောင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက လေဆိပ်တချို့မှာ ခရီးစဉ်တွေကို ယာယီ ဆိုင်းငံ့ထားစေခဲ့ရပါတယ်။

SpaceXကုမ္ပဏီရဲ့ Starship အာကာသယာဉ် စမ်းသပ် လွှတ်တင်မှုမှာ ပေါက်ကွဲမှုဖြစ်ပြီး အပျက်အစီးတွေ ကျရောက်လာနိုင်တဲ့ အခြေအနေကြောင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက လေဆိပ်တချို့မှာ ခရီးစဉ်တွေကို ယာယီ ဆိုင်းငံ့ထားစေခဲ့ရပါတယ်။

အော်လန်ဒိုနဲ့ မီယာမီမှာရှိတဲ့ လေဆိပ်တွေမှာ လေယာဉ်တွေ ပျံမတက်ကြဘဲ ဆိုင်းငံ့ထားဖို့ ညွှန်ကြားချက်တွေကို မတ်လ ၆ ရက်နေ့တုန်းက ထုတ်ပြန်ထားခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ဆိုင်းငံ့ ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးမှုတွေ ဘာမှ မရှိခဲ့ဘူးလို့ သိရပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသူ အမေရိကန် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ဦးဆောင်နေတဲ့ ပုဂ္ဂလိက အာကာသ ခရီးသွား လုပ်ငန်းစု SpaceXဟာ မတ်လ ၆ ရက်နေ့တုန်းက လူလိုက်ပါခြင်း မရှိတဲ့ Starship အာကာသယာဉ်ကို စမ်းသပ် လွှတ်တင်ပြီး စိတ်ပျက်စရာ ရလဒ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

SpaceXက အဲဒီ အာကာသယာဉ်ဟာ အာကသထဲ ပျံတက်ရင်း မြေပြင်ကနေ ထိန်းချုပ်မှု အဆက်အသွယ် ပြတ်တောက်သွားပြီးတဲ့နောက် ပေါက်ကွဲ ပျက်စီးသွားတယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။ SpaceXဟာ Starshipကို အဋ္ဌမ အကြိမ်မြောက် စမ်းသပ် လွှတ်တင်တာဖြစ်ပြီး ဒုတိယအကြိမ်ဆက်တိုက် အမှားအယွင်း ကြုံတွေ့တာလည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

၁၂၃ မီတာမြင့်တဲ့ Starshipဟာ တစ်နာရီကြာ စမ်းသပ်ပျံသန်းမှုအပြီး အိန္ဒိယ သမုဒ္ဒရာထဲမှာ ကမ္ဘာ့လေထုထဲ ပြန်လည် ဆင်းသက်နိုင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမဲ့ တက္ကဆက်စ် ပြည်နယ်ကနေ အာကာသယာဉ်ကို ကမ္ဘာ့လေထု အပြင်ဖက်ဆီ တွန်းတင်လိုက်တဲ့ ဒုံးကျည် အင်ဂျင်တွေကနေ မျှော်လင့်မထားဘဲ ပြုတ်ထွက်သွားရာကနေ ထိန်းချုပ်မှုလွတ်ပြီး အမှားအယွင်းဆီ ဦးတည်သွားခဲ့တာလို့ SpaceXက ကြေညာပါတယ်။

ကံဆိုးစွာနဲ့ပဲ အဲဒီပြဿနာဟာ နောက်ဆုံးတစ်ကြိမ် စမ်းသပ် လွှတ်တင်မှုမှာလည်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ အဲဒီအတွက် အဓိက အကြောင်းရင်းကို ဆန်းစစ် ရှာဖွေသွားမှာဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

SpaceXရဲ့ အာကာသယာဉ် ပေါက်ကွဲသွားတဲ့နောက် အစအနတွေဟာ ကာရေဘီယန် ပင်လယ်ပြင် အနှံ့ကို ပျံ့နှံ့ ကျရောက်ခဲ့သလို လေထုထဲ အရှိန်နဲ့ တိုးဝင်လာချိန် မီးတောက်လောင်နေတဲ့ အဲဒီ အပျက်အစီး အစအနတွေကိုလည်း မြေပြင်ကနေ တွေ့မြင်ခဲ့ရပါတယ်။

ဇန်နဝါရီလတုန်းကလည်း တက္ကဆက်စ်မှာရှိတဲ့ SpaceXရဲ့ ဒုံးပျံ စခန်းကနေ လွှတ်တင်တဲ့ Starship အာကာသယာဉ်ဟာ မိနစ်ပိုင်း အကြာမှာတင် ပျက်စီးသွားမှုမျိုး ကြုံခဲ့ရပါတယ်။ အဲဒီတုန်းက အာကာသယာဉ် အစအနတွေကြောင့် ကာရေဘီယန် ပင်လယ်ထဲက တာ့ခ်စ်နဲ့ ကိုင်ကော့စ် ကျွန်းတွေမှာ နေအိမ်တချို့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း SpaceXက အတည်ပြုခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘီလီယံနာ သူဌေးကြီး တစ်ဦးနဲ့ အင်ဂျင်နီယာ တစ်ဦးတို့ဟာ အာကာသ ယာဉ်မှူးတွေ မဟုတ်ဘဲနဲ့ အာကာသထဲမှာ ပထမဆုံး လမ်းလျှောက်ဖူးတဲ့ လူပုဂ္ဂိုလ်တွေအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

Chang’e-6 အာကာသယာဉ်ဟာ မြေသားနမူနာတွေနဲ့အတူ ဇွန်လ ၂၅ ရက်နေ့တုန်းက အတွင်းမွန်ဂိုလီးယား သဲကန္တာရထဲကို လေထီးနဲ့ ဆင်းသက်လာနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

Odysseusဟာ လရဲ့ တောင်ဝင်ရိုးစွန်းလို့ သတ်မှတ်ရာ ၅ ကီလိုမီတာမြင့်တဲ့ မာလာပတ် ကျောက်တောင် အစုအဖွဲ့နားမှာ ဆင်းသက်ခဲ့တာလို့လည်း သိရှိရပါတယ်။

သတင်း

SpaceXဟာ နည်းပညာသစ် ဒုံးကျည်အင်ဂျင် လက်တွေ့ စမ်းသပ်မှုတွေကို အကြိမ်ကြိမ် အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပေမယ့် အခုတစ်ကြိမ်ကတော့ အင်ဂျင်နဲ့ ဒုံးကျည်ကိုယ်ထည် တွဲစပ်ပြီး ပထမဆုံးအကြိမ် လက်တွေ့ ပျံသန်းစေခဲ့တာလို့လည်း သိရပါတယ်။

Facebook