ရှိန်း/People’s Spring
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာကနေအိမ်တွေကို လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုပြီး စစ်တပ်က နေအိမ်နဲ့ ဈေးဆိုင်ခန်း တွေကို ၃ရက်ဆက်တိုက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေး-မတ္တရာကားလမ်းချဲ့ဖို့ဆိုပြီး လမ်းမကြီးရဲ့ အရှေ့ဘက်ပေ ၁၀၀နဲ့ အနောက်ဘက် ၇၅ပေအထိ နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို ဘူဒိုဇာတွေနဲ့ မတ်လ ၄၊ ၅၊ ၆ရက်တွေမှာ ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

“ကြာနီကန်ရွာ ဈေးဆိုင်ခန်းတွေ တော်တော်များများပါတယ်။ ဖျက်တာကနေရာ အကျယ်ကြီးဖျက် ချပစ်တော့ တလျှောက်လုံးပါတာလေ။အိမ်ခြေတော်တော်များတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
စစ်အုပ်စုက ရဲ၊ ပြည်သူ့လုံခြုံရေး(ပျူစောထီး)နဲ့စည်ပင်အင်အားအများအပြားသုံးကာ ဖျက်ဆီးသွားတာလို့သိရပါတယ်။
ဒါ့အပြင် ဒီလမ်းတလျှောက်ကကုလားမတောင်၊ပုသိမ်လေးကျေးရွာတွေက ကားလမ်းဘေးနေအိမ်တွေကိုလည်း ဖျက်ခိုင်းထားတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်မှာ ဆက်တိုက်တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ဟာ မန္တလေးကနေ မတ္တရာမြို့အထိသာ ဒီလမ်းကို စိုးမိုးထားနိုင်ပြီး အဲဒီလမ်း နေရာ တွေကို ချဲ့ဖို့လုပ်နေတာလို့ ဒေသခံတွေက ပြောပ်တယ်။
