close
Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်း နှင့် ဘန့်​ဘွေး၊ ဂန့်​ဂေါရွာအနီး တိုက်ပွဲများဆက်ဖြစ်​နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၌ အမြောက်တပ်များရှိသော တောင်းခမ်းရွာနှင့် ပြင်ဦးလွင်မြို့နယ်အစပ် ဘန့်ဘွေးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဒီးဒီ၊သတိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၌ အမြောက်တပ်များရှိသော တောင်းခမ်းရွာနှင့် ပြင်ဦးလွင်မြို့နယ်အစပ် ဘန့်ဘွေးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ နေ့စဉ်လိုလိုပဲ ။ ကျွန်တော်တို့တောင်းခမ်းမှ မဟုတ်ပါဘူး။ ပြင်ဦးလွင် နဲ့ နောင်ချိုကြားမှာရှိတဲ့ ဘန့်ဘွေး၊ ကံကော်မှာလည်း ဆက်လက်ဖြစ်နေတဲ့ အနေအထားပဲ”ဟု အဆိုပါ ရဲဘော်က ပြောသည်။

အမြောက်တပ်များရှိသော တောင်းခမ်းကျေးရွာ၌ တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးရခြင်း မရှိသေးဘဲ ဝိုင်းဝန်းပိတ်ဆို့ထားဆဲဟု အဆိုပါ ရဲဘော်က ယနေ့(မတ်လ ၈ရက်)တွင် ပြောသည်။

Public Service Announcement

Public Service Announcement

“တောင်းခမ်းအခြေအနေနဲ့ပတ်သက်ပြီးတော့ အရမ်းကြီးစိုးရိမ်ရတဲ့ အခြေအနေတော့ရှိမနေဘူး။ လောလောဆယ်တော့ စကစ လော်ဘီဘက်ကပဲ မီးမောင်းထိုးပြီး အရမ်းရေးနေတာပဲရှိတာ။အခြေအနေဆိုးဆိုးရွားရွားဖြစ်တာမျိုးတော့ မရှိပါဘူး။ လောလောဆယ်က အရင်ကလည်းကျွန်တော်တို့ အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားတာမျိုးမဟုတ်ပါဘူး။ တပ် ၂တပ်ကို ဝန်းရံပိတ်ဆို့တာမျိုးပဲဖြစ်တာပေါ့။ အခုကတော့ တပ်နှစ်တပ်ရဲ့ လမ်းကြောပြန်ဖွင့်လိုက်တာမျိုးပဲ ရှိသေးတယ်”ဟု ၎င်းက ဆက်ပြောသည်။

နောင်ချိုမြို့နှင့် မိုင်(၂၀) ခန့်ဝေးသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်ခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်ပြင်ထန်နေပြီး တအာင်းတပ်မတော်(TNLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်း ဖြစ်သည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်ခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLAပူးပေါင်းတပ်က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို ၂၀၂၄ သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲပြင်းထန်နေသည့် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၃၅၄)တို့အား ဝန်းရံပိတ်ဆို့ထားရာမှ လမ်းကြောင်းတစ်ခုအား ဖွင့်ဟပေးထားရသည့် အနေအထားဟု အဆိုပါ ရဲဘော်က ဆိုသည်။

“အရင်တုန်းက နှစ်တပ်လုံးကို ဝန်းရံပိတ်ဆို့ထားတဲ့ အနေအထားပေါ့၊ အခုကတော့ အဲဒီ့ တပ်နှစ်တပ်က ဟိုဘက်ဒီဘက်ကူးသွားလို့ရတဲ့ အနေအထားပဲရှိပါသေးတယ်”ဟု ၎င်းက ဆိုသည်။

သို့သော် တော်လှန်ရေးတပ်ဖွဲ့များက အပြီးဆုတ်ခွာရသည်မျိုးမဟုတ်ဟု ဆိုသည်။

” တောင်းခမ်းနယ်မြေကလည်း အကျယ်ကြီးပဲလေ။အရင်တုန်းနဲ့ အခုကမတူတာက အရင်တုန်းကတပ်တွေဝန်းပိတ်ဆို့ထားတာပေါ့။အခုကတော့ တပ်တစ်တပ်နဲ့ တစ်တပ် ကူးလို့ရသွားတဲ့ အနေအထားပါပဲ။ အဓိကက စစ်ကောင်စီလော်ဘီတွေဝါဒဖြန့်ရေးသားနေတာမျိုးကတော့ ပိုပြီးတော့ ကျယ်ကျယ်လောင်လောင်တွေ့နေရတာပေါ့”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် ချန်နယ်များက တောင်းခမ်းကျေးရွာ၌ တော်လှန်ရေးတပ်များ ဆုတ်ခွာပေးရပြီး အထိနာနေကြောင်း၊ ကျေးရွာအချို့အား ပြန်လည်သိမ်းပိုက်ထားကြောင်း ရေးသားနေကြသည်။

“ရွာတွေ ထိန်းချုပ်ထားတာ‌မျိုးတွေတော့ မရှိပါဘူး။ ရွာတွေမှာလည်း ဒါကတိုက်ပွဲနဲ့ ရွာတွေနဲ့က အရမ်း တပ်နှစ်တပ်အကြားမှာဖြစ်နေတော့ ရွာတွေကို ထိန်းချုပ်ဖို့အတွက် သူတို့အတွက်လည်းမဖြစ်နိုင်ပါဘူး”ဟု ပြောသည်။

ပြင်ဦးလွင်မြို့နယ်အစပ် ဘန့်ဘွေးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း အသိပေးသည်။

‌”ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာရှိတဲ့ ဂန့်ဂေါတို့ ‌ဘန့်ဘွေးတို့အဲဒီ့ဘက်တွေ မှာတိုက်ပွဲ ဖြစ်တာတွေရှိပါတယ်။ ဒီရက်တွေမှမဟုတ်ပါဘူး။ တောက်လျှောက်ပါပဲ။ ပုံမှန်အနေအထားလို့တောင်ပြောလို့ရတယ်။ လတိုင်းလတိုင်း အမြဲတမ်းဖြစ်နေကြပေါ့”ဟု တော်လှန်ရေးရဲဘော်က ပြောသည်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း ၂၀၂၄ အောက်တိုဘာ ၂၂ရက်က စစ်‌ကြောင်းထိုးဝင်ရောက်လာပြီးနောက် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များရှိနေသော ဂန့်ဂေါရွာသို့ ရောက်ရှိလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

“လူထုအနေနဲ့လည်း အရမ်းကြီးတော့ မစိုးရိမ်ကြနဲ့။ ကျွန်တော်တို့လည်း လူထုဘက်ရောကာကွယ်သွားမှာပါ။နောက်တစ်ခုကတော့လေယာဉ်အန္တရာယ်နဲ့ပတ်သက်ပြီး လူထုအနေနဲ့ သတိထားပြီးတော့ ဘေးကင်းလုံခြုံစွာနေကြဖို့ပါပဲ။ အဲဒါကို ပြောချင်တယ်။နောက်တစ်ခုက အဓိကတော့ ပြည်သူလူထုတွေအနေနဲ့ အရမ်းကြီးမကြောက်ကြဖို့ ။ စကစရဲ့သတင်းပြန့်နှံ့မှုနဲ့ ပတ်သက်ပြီး နားမယောင်ကြဖို့။ အဓိကကတော့ ကျွန်တော်တို့လည်း ပြည်သူလူထုအတွက် အတတ်နိုင်ဆုံးခုခံကာကွယ်သွားပေးမှာပါ”ဟု တောင်းခမ်းစစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ မယ်သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀ခန့် ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

စစ်တပ်က အင်အားဖြည့်တင်း​နေပြီး မကြာခင်အလုံးအရင်းနဲ့ စစ်​ကြောင်းထိုးလာနိုင်တယ်လို့ မန္တ​လေး PDF ​ပြော

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၁ရက်) မွန်းလွဲပိုင်း ၂နာရီခွဲတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

Facebook