close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအင်အားစုများ တော်လှန်ရေးသတိလက်မလွတ်စေဘဲ ပြည်သူကို ကာကွယ်နိုင်ရေး ကြိုးပမ်းရန် CDM အောင်မြင်ရေးကော်မတီ တိုက်တွန်း

NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် CDM အောင်မြင်ရေး ကော်မတီက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုအာဏာသိမ်းမှုကိုဆန့်ကျင် ပြီး ​၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် ဆန္ဒပြ​နေ​သောCDM ဝန်ထမ်းများနှင့် ပြည်သူများ။ဓါတ်ပုံ- AFP

ဟန်နွေ/People’s Spring

စစ်အာဏာရှင်ကို တော်လှန်နေကြသည့် သက်ဆိုင်ရာတော်လှန်ရေး အင်အားစုများက တော်လှန်ရေးသတိ၊ တော်လှန်ရေးအသိကို လက်မလွတ်စေဘဲ မိမိတို့စိုးမိုးအုပ်ချုပ်နိုင်သော နေရာဒေသ များတွင် တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်‌ ဥပဒေပြုရေးမဏ္ဍိုင်များကို ခိုင်မာ အားကောင်းစေပြီး ပြည်သူလူထုကိုရင်ဝယ်သားကဲ့သို့ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်ပေးရန်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) CDM Success Committee ကမတ် ၈တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် CDM အောင်မြင်ရေး ကော်မတီက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းCDM များသည်အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရုံ မျှသာမက ဒေသအသီးသီးရှိ တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ တော်လှန်ရေး၏ အရေးပါသော အခန်းကဏ္ဍများ ဖြစ်သည့် လက်နက်ကိုင်ကဏ္ဍနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများဖြစ်သည့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ကဏ္ဍ၊ လူသားချင်းစာနာထောက်ထားရေးကဏ္ဍ အစရှိသည်တို့တွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသို့ထိန်းချုပ်နယ်မြေများရှိအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း CDM များအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် နည်းမျိုးစုံဖြင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရမှုများကြောင့် အဆိုပါ နိုင်ငံ့ဝန်ထမ်း CDM များ၏ အသက်အန္တရာယ်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အာမခံနိုင်မှုမှာ လွန်စွာစိုးရိမ်ဖွယ်ရာ ရှိနေကြောင်း လည်း ဖော်ပြပြီးများစွာ ဝမ်းနည်းထိတ်လန့်တုန်လှုပ်ရဟု အသိပေးသည်။

စစ်အာဏာရှင် တော်လှန်ရေး၏ အခန်းကဏ္ဏအသီးသီးတွင် တာဝန် ထမ်းဆောင် နေသောနိုင်ငံ့ဝန်ထမ်း CDM များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် အာမခံချက် ရှိစေရန်လည်းကောင်း၊ မတရားစွပ်စွဲခံ၊ ဖမ်းဆီးခံ၊ သတ်ဖြတ်ခံခဲ့ကြရသော CDM များအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ပေါက်စေရေးအတွက်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေသည့် အလေ့အထကို အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် လည်းကောင်း၊ တရားမျှတမှု ပြန်လည်ဆောင်ကြဉ်းပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီး အား တိုက်တွန်းကြောင်းလည်း ဖော်ပြသည်။

CDM အောင်မြင်ရေးကော်မတီ အနေဖြင့်လည်း စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှ အမြန်ဆုံးအပြီးတိုင် ကျဆုံးချုပ်ငြိမ်း၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်စစ်အုပ်စုသည် အများပြည်သူ ၏ဆန္ဒကို လျစ်လျူရှုကာ နိုင်ငံတော်၏အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မသိမ်းယူခဲ့ရာနိုင်ငံ့ဝန်ထမ်း CDM များသည် နွေဦးတော်လှန်ရေးကြီး၏ အဓိကအခန်းကဏ္ဍ တစ်ခုဖြစ်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် အရှိန်အဟုန်ဖြင့် ပါဝင်ခဲ့ကြသည်။

အာဏာသိမ်းမှု လေးနှစ်တာအတွင်း နိုင်ငံ့ဝန်ထမ်း CDM များသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မိမိတို့၏ ရာထူး၊အဆောင်အယောင်နှင့် ရပိုင်ခွင့်များကို စွန့်လွှတ်ခဲ့ကြသည်သာမက မိမိကိုယ်တိုင်နှင့် မိသားစုများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အစရှိသည့်တို့တွင် ထိခိုက်နစ်နာမှုများအပြင်းအထန် ကြုံတွေ့ခဲ့ရသည်။

CDM အောင်မြင်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၈ရက်က ကျင်းပသည့် CDM လှုပ်ရှားမှု ၄နှစ်ပြည့် အခမ်းအနား၌ “CDM နိုင်ငံ့ ဝန်ထမ်းတွေဟာ စွန့်လွှတ်မှုတွေ ပေးဆပ်မှုတွေ အပြည့်နဲ့ ပြည်သူ့ နွေဦးတော်လှန်ရေးရဲ့ အဓိက နေရာကနေ ပါဝင်နေကြတဲ့ ဒေါက်တိုင်ကြီးတွေ ဖြစ်သလို သဘောထားရပ်တည်ချက် မှန်ကန်တဲ့ နိုင်ငံဝန်မ်းတွေ ဖြစ်တာနဲ့အညီ တော်လှန်ရေးအတွက်လည်း ကျရာကဏ္ဍကနေ ဆက်လက် ကြိုးစားပါဝင်ပေးကြပြီး အနာဂတ်နိုင်ငံတော် ပြန်လည်ထူထောင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြဖို့ ပြောကြားလိုပါတယ်”ဟု ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ခုခံတော်လှန်စစ်ကာလအတွင်း၌ စစ်ရေးကဏ္ဍကို ဦးစားပေးနေရ၍ CDM နိုင်ငံ့ဝန်ထမ်းများအား အပြည့်အ၀ ကူညီပံ့ပိုးမှု မပြုလုပ်နိုင်ခဲ့သည့် အခြေအနေကို နားလည်ပေးရန်လည်း ပြည်ထောင်စု ဝန်ကြီးချုပ်နှင့် ယာယီသမ္မတ ဒူဝါလရှီးလတို့က မေတ္တာရပ်ခံခဲ့ကြသည်။

ဆက်စပ်သတင်းများ

Short Story

ညီလေးရေ ... တကယ်ဆို ညီလေးဆီ ဖုန်းနဲ့ တစောင်ချင်း စာပို့လို့ရပေမယ့် စာရှည်တာကြောင့်ရော လူကြုံကောင်းတာရောကြောင့် စာရွက်ပေါ် ချရေးပေးလိုက်ပါတယ်။

သတင်း

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ကျန်းမာရေးဝန်ထမ်းများ လက်ခံခြင်း၊အခြားစည်းကမ်းချက်များ​ဖောက်ဖျက်သည်ဆို​သော စွပ်စွဲချက်များဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ကိုးခုကို စစ်ကောင်စီက အရေးယူလိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။

သတင်း

နွေဦးတော်လှန်ရေးတွင် ခုခံတော်လှန်မှု စစ်ရေးကဏ္ဍကို ပထမဦးစားပေး လုပ်ဆောင်နေရခြင်းဖြစ်၍ နိုင်ငံ့ဝန်ထမ်း CDM များအပေါ်အပြည့်အ၀ ထောက်ပံ့ကူညီပံ့ပိုးမှု မပြုလုပ်နိုင်ခဲ့သည့်အပေါ် နားလည်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မေတ္တာရပ်ခံခဲ့သည်။

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

Facebook