close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ရထားဘူတာမှာ စုပြုံတိုးဝှေ့ရာက လူ ၁၈ ဦး သေဆုံးမှုမှာ လူအုပ် ထိန်းချုပ်မှု စနစ်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေ

လူတွေ အလွန်အကျွံ စုပြုံရင်း တိုးဝှေ့ကြရာက အိန္ဒိယနိုင်ငံက ရထားဘူတာ တစ်ခုမှာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ဘူတာတွေရဲ့ လူစုလူဝေး ကိုင်တွယ် ထိန်းသိမ်းမှု စနစ် အားနည်းချက်တွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

လူတွေ အလွန်အကျွံ စုပြုံရင်း တိုးဝှေ့ကြရာက အိန္ဒိယနိုင်ငံက ရထားဘူတာ တစ်ခုမှာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ဘူတာတွေရဲ့ လူစုလူဝေး ကိုင်တွယ် ထိန်းသိမ်းမှု စနစ် အားနည်းချက်တွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

အထူးသဖြင့် မီးရထားဌာန အရာရှိဟောင်းတွေက ဦးဆောင်ပြီး အဲဒီ အပိုင်းနဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလွန်းတာကို ထောက်ပြလာခဲ့ကြတာပါ။ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက နယူးဒေလီ မြို့တော်မှာရှိတဲ့ ရထားဘူတာ တစ်ခုမှာ လူအုပ်ကြီး ကသောင်းကနင်း ဖြစ်ရာက ကလေး ၅ ဦး အပါအဝင် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ပါတယ်။

မီးရထားဌာန အရာရှိဟောင်းတွေက မီးရထား ဘူတာတွေမှာ ကြိုတင် လက်မှတ် ဖြတ်မထားဘဲ စောင့်စီးကြတဲ့ ခရီးသည်တွေ အရမ်းများပြားလေ့ ရှိကြောင်း၊ အဲဒီ လူအုပ်ကြီးကို ဘေးကင်းအောင် စီမံ ခန့်ခွဲပေးနိုင်တဲ့ လူအင်အား အရင်းအမြစ်မျိုး ဘူတာတွေမှာ ကင်းမဲ့နေကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ည ဖြစ်စဉ်မှာတော့ အရေးကြီးတဲ့ ဘာသာရေး ပွဲတော် တစ်ခု တက်ရောက်ဖို့အတွက် ပရာယာရက်ဂျ်ကို ဦးတည် ခုတ်မောင်းမယ့် ရထားခရီးစဉ်မှာ လိုက်ပါ စီးနင်းဖို့ လူတွေ ထောင်နဲ့ချီ စုဝေးနေရာကနေ ဖြစ်ရပ်ဆိုး ကြုံခဲ့တာပါ။ ဘူတာရဲ့ လက်မှတ် အရောင်းဌာန ဝန်ထမ်းတွေက ကြိုတင် မှာယူထားတာ မဟုတ်တဲ့ ရထားလက်မှတ် အစောင်ပေါင်း ၇၆၀၀ ကို ၂ နာရီအတွင်း ရောင်းချခဲ့ရကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ စီမံခန့်ခွဲမှု လွဲချော်တာတွေ၊ ရထားခရီးစဉ်တွေ နှောင့်နှေးတာတွေ၊ ခရီးသည်တွေအတွက် ရထားအသီးသီး ထွက်ခွာမယ့် ဘူတာ ပလက်ဖောင်း နံပါတ်တွေ ကြေညာမှု မှားယွင်းတာတွေ ပေါင်းဆုံပြီး အရှုပ်အထွေးတွေ ဖြစ်ပေါ်ရာကနေ ဒေသစံတော်ချိန် ၉း၁၅ နာရီမှာ တိုးကြဝှေ့ကြရာက ဖရိုဖရဲ ပြိုလဲမှုတွေနဲ့အတူ ခရီးသည် အချင်းချင်းတွေ တက်နင်းပြီး အသက်ဆုံးရှုံးတဲ့ အခြေအနေဆိုးမျိုး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ မြောက်ပိုင်း ရထားပို့ဆောင်ရေး အငြိမ်းစား မန်နေဂျာချုပ် တစ်ယောက်က အဲဒီလို လူနင်းပြီး သေကြေကြတဲ့ ဖြစ်ရပ်မျိုးဟာ ကျိန်းသေပေါက် ရှောင်လွှဲနိုင်တဲ့ အခြေအနေမျိုးလို့ ဝေဖန်ခဲ့ပါတယ်။

ဒီပြဿနာမျိုးတွေဟာ အိန္ဒိယမှာ ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း မဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ အာဏာပိုင်တွေဟာ တူညီတဲ့ အမှား၊ တူညီတဲ့ မျက်ကွယ်ပြုမှုမျိုးကိုပဲ အကြိမ်ကြိမ် ကျူးလွန်နေကြောင်း သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း ဒေသခံ ရဲတပ်ဖွဲ့ဟာ အန္တရာယ် ရှိလောက်တဲ့ လူစုလူဝေး ဖြစ်လာချိန်မှာ ကူညီ ထိန်းသိမ်းပေးဖို့ တာဝန်ရှိပေမယ့် ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ထောက်ပြမှုတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိမှာတော့ အိန္ဒိယ မီးရထား ဌာနဟာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် အဖွဲ့ဝင် နှစ်ဦးပါ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကတော့ နယူးဒေလီ ရထားဘူတာမှာ ဖြစ်ပွားခဲ့တဲ့ လူ့အသက်တွေ ဆုံးရှုံးရတဲ့ လူအုပ် တိုးဝှေ့မှု ဖြစ်စဉ်အတွက် စိတ်ထိခိုက် ကြေကွဲမိကြောင်း၊ ချစ်ခင်သူတွေကို ဆုံးရှုံးခဲ့ရသူ တစ်ဦး တစ်ယောက်ချင်းနဲ့ထပ်တူ စာနာ ဝမ်းနည်းကြောင်း၊ ဒဏ်ရာရသူတွေလည်း အမြန်ဆုံး ပြန်သက်သာလာဖို့ ဆုတောင်းပေးကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: Hindustan Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျေးရွာတစ်ခုမှာ လူတစ်ဒါဇင်ကျော် ပဟေဠိဆန်ဆန် ကျန်းမာရေးဖောက်ပြန် သေဆုံးမှုကို အိန္ဒိယ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

ခိုလှုံခွင့် ပြုထားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲပေးဖို့ အိန္ဒိယ အစိုးရကို ဘင်္ဂလားဒေ့ရှ်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံရဲ့ အာသံပြည်နယ်မှာ အများနဲ့ဆိုင်တဲ့ နေရာတွေဆီ ရောက်နေချိန် အမဲသား စားသောက်ခြင်းကနေ ပိတ်ပင်တဲ့ အမိန့်တစ်ခုကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အိန္ဒိယအစိုးရအရာရှိများက အာရက္ခတပ်တော်(AA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းညီနောင်အဖွဲ့(CB)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

Facebook