close
Connect with us

Hi, what are you looking for?

သတင်း

မဲပလီစခန်းသိမ်းတိုက်ပွဲ ရုပ်သံPDF ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

မဲပလီစခန်းသိမ်းတိုက်ပွဲ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ နှင့်​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ကျားဖြူစစ်​ကြောင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

ဒီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦး​ဆောင်ပြီး PDF၊ BPLAနဲ့ FFDတို့ ကဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ခမရ(၄၀၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါအဝင် ၄၀ ခန့်​သေဆုံးခဲ့တယ်လို့ အမှတ်(၂၇)စစ်ဗျူဟာကအသိ​ပေးပါတယ်။

သေဆုံးစစ်သား​တွေကို ရာထူး/အမည်​နဲ့ တကွအသိ​ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စကခ(၈)မှ စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင်စစ်သုံ့ပန်း(၂၇)ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။

မဲပလီဗျူဟာမှူး ဗျူဟာ(၂)၊ စကခ(၈)မှဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ခမရ(၄၀၅)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေး အပါအဝင်စစ်သား(၂၀)ဦးခန့်က ထွက်ပြေးသွားတဲ့အတွက်​တော်လှန်​ရေးတပ်​တွေက လိုက်လံရှင်းလင်းလျက်ရှိပါတယ်။

တိုက်ပွဲမှာ ​ပူး​ပေါင်းတပ်မှ ၄ ဦးကျဆုံးခဲ့ပါတယ်။စစ်တပ်ထံက​နေ ၁၂၂ မမ တာဝေးပစ်ဟောင်ဝစ်ဇာ ၊ ပွိုင့် ၅ အပါအဝင် လက်နက်ကြီး လက်နက်ငယ်အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒီစခန်းဟာ ​ဒေသတွင်းမှာ အ​ရေးကြီးတဲ့ စစ်စခန်းတစ်ခုဖြစ်ပါတယ်။

ရုပ်သံ- အမှတ်(၂၇)စစ်ဗျူဟာ

ဆက်စပ်သတင်းများ

News Story

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ "ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF...

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ပြေးသုံးဦးလိုက်ရှာနေသည့် စစ်ကောင်စီတပ်စိပ်နှင့် PDF တပ်ဖွဲ့များ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းက ဟောင်ဝစ်ဇာအမြောက်ကို အ​ကောင်းအတိုင်းရခဲ့ပြီသယ်ယူလာတဲ့ ရုပ်သံမှတ်တမ်းကို BPLA ကွပ်ကဲ​ရေးမှူး​ ​မောင်​ဆောင်းခက ​ဖေ​ဖော်ဝါရီ ၂ရက်ညက ​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ မျှ​ဝေခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ စစ်တပ်၏ မဲပလီဗျူဟာစခန်းကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က သိမ်းပိုက်ခဲ့​သော ရုပ်သံမှတ်တမ်းကိုBPLA ကထုတ်ပြန်လိုက်သည်။