Hi, what are you looking for?
ဒါဟာ အဝလွန်သူတွေ၊ ကိုယ်အလေးချိန် များသူတွေမှာ ရောဂါလက္ခဏာ ပိုပြီး ပြင်းထန်နိုင်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းလည်း ဖြစ်နိုင်ပါတယ်။ ကပ်ရောဂါ စတင်လာချိန် ကတည်းက အဝလွန်သူတွေ ရောဂါကူးစက်ရင် သေဆုံးနိုင်ခြေ ပိုမြင့်မားကြောင်း ပညာရှင်တွေက သတိပေးထားပေမယ့် အကြောင်းရင်းကိုတော့ သိပ္ပံနည်းကျ ရှင်းပြဖို့ ခက်ခဲနေခဲ့ပါတယ်။
Omicron မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေကို တောင်အာဖရိက၊ ဘော့ဆွာနာနဲ့ ဟောင်ကောင်တို့မှာ အတည်ပြု တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်၊ ဗြိတိန်တို့ အပါအဝင် နိုင်ငံ တချို့က အာဖရိက တောင်ပိုင်း နိုင်ငံတွေဆီက ခရီးသွားတွေကို တားမြစ်ဖို့ အရေးပေါ် ဆုံးဖြတ်လိုက်ကြပါပြီ။