close
Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာကို စစ်ကောင်စီ တိုက်လေယာဉ် ဖြတ်ဝဲသွားပေမယ့် ပစ်ခတ်တာ၊ဗုံးကြဲတာမရှိဟု KIA ပြော

“ မြစ်ကြီးနားလေဆိပ်မှာရှိတဲ့ လေယာဉ်တစီးရဲ့ အမြီးပိုင်းမှာထိတဲ့ ပုံတွေကို တင်ကြပါတယ်။ ဘယ်သူကပစ်တယ် ဘယ်ကနေပစ်တယ် ဘာလက်နက်နဲ့ပစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲတော့ မသိရသေးပါဘူး” – ဗိုလ်မှူးကြီးနော်ဘူ

(KIA ဌာနချုပ် လိုင်ဇာမြို့အား ၂၀၂၁အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

“ မြစ်ကြီးနားလေဆိပ်မှာရှိတဲ့ လေယာဉ်တစီးရဲ့ အမြီးပိုင်းမှာထိတဲ့ ပုံတွေကို တင်ကြပါတယ်။ ဘယ်သူကပစ်တယ် ဘယ်ကနေပစ်တယ် ဘာလက်နက်နဲ့ပစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲတော့ မသိရသေးပါဘူး” – ဗိုလ်မှူးကြီးနော်ဘူ

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာကို အာဏာသိမ်းစစ်ကောင်စီ တိုက်လေယာဉ်တစ်စီး ဖေဖော်ဝါရီ ၂၀ရက် ညပိုင်းက ဖြတ်ဝဲတာရှိပေမယ့် ဗုံးကြဲတိုက်ခိုက်တာ မရှိဘူးလို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ရက်ည ၁၀နာရီ ၄၅မိနစ်လောက်မှာ လိုင်ဇာဒေသကို စစ်ကောင်စီ လေယာဉ်လာရောက်မှု အခြေအနေမေးမြန်းချက်အပေါ် အခုလိုပြောကြားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” လိုင်ဇာဘက်မှာတော့ ဂျက်ဖိုက်တာတစီးကဖြတ်ဝဲသွားတာတော့ရှိပါတယ်။ ဗုံးကြဲတာတွေသေနတ်နဲ့ ပစ်တာတွေကတော့ ဘာမှ မရှိပါဘူး။ အဲဒီလိုင်ဇာရောက်သွားတဲ့ ဂျက်ဖိုက်တာကတော့ တံတားဦးဘက်ကနေ တက်လာတဲ့ လေယာဉ်ဖြစ်နိုင်ပါတယ်။ ဗန်းမော်ဘက်ကနေ တက်လာတဲ့ သတင်းကို အရင်ကြားပါတယ်။ အဲဒီနောက်မှာ လိုင်ဇာ ရောက်လာတာဖြစ်ပါတယ်။ ဒါကြောင့် တံတားဦး မန္တလေးဘက်က နေ တက်လာတဲ့ လေယာဉ်တော့ ဖြစ်ဖို့များပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လေယာဉ်မလာရောက်မီ နာရီပိုင်းအလိုက မြစ်ကြီးနား လေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး MNA ခရီးသည်လေယာဉ် တစီးအမြီးပိုင်းထိမှန်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

အဲဒီ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဖြေကြားပါတယ်။

” မြစ်ကြီးနားလေဆိပ်မှာရှိတဲ့ လေယာဉ်တစီးရဲ့ အမြီးပိုင်းမှာထိတဲ့ ပုံတွေကို တင်ကြပါတယ်။ ဘယ်သူကပစ်တယ် ဘယ်ကနေပစ်တယ် ဘာလက်နက်နဲ့ပစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲတော့ မသိရသေးပါဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်ကလည်း မြစ်ကြီးနားလေဆိပ်ဝင်းထဲမှာ ဒရုန်းတစင်း ပျက်ကျခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တုန်းက စစ်ကောင်စီက KIAကို စွပ်စွဲခဲ့ပေမယ့် ဗိုလ်မှူးကြီးနော်ဘူက မဟုတ်ဘူးလို့ ကချင်သတင်းဌာန KNG မှာ ဖြေကြားထားပါတယ်။ စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူကပြောကြားခဲ့တာပါ။

“KIA အမြဲတမ်းတစ်ဖက်ရန်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေလုပ်ပါတယ်။ အခုဖြစ်သွားတဲ့ အများပြည်သူသုံးတဲ့ လေယာဉ်ကွင်းက စစ်နေရာမဟုတ်သလို ရန်သူလည်းမရှိပါဘူး။ ပစ်ရင်က ရန်သူရှိတဲ့ စစ်လေယာဉ်ကွင်းကို ပစ်မှာပဲ။ နောက်တစ်ခုက စစ်ကော်မရှင်ကနေ ပြည်သူသုံးတဲ့ လေယာဉ်တွေကို အသုံးပြုပြီး စစ်မြေပြင်နေရာတွေမှာ အသုံးပြုတာတွေရှိတယ်။ ဥပမာ – စစ်အင်အားသယ်ယူတာတွေ၊ Y- 12, Y-8 တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တယ်။ အခုလိုလုပ်တာက ပြည်သူလူထုကို နားလည်မှုလွဲအောင်၊ အမြင်မှားအောင်လုပ်နေတယ်လို့ပဲပြောချင် တယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ရဲ့ မြောက်ဘက် တောင်ကုန်းတခုမှာရှိတဲ့ KIA တပ်စခန်းနေရာကို စစ်ကောင်စီက မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုင်ငံတကာ

ဥရောပ တိုက်လေယာဉ် စီမံကိန်းကို စွန့်ခွာပြီး အမေရိကန်ဆီက F-35 တိုက်လေယာဉ် အသစ်တွေ တိုးမြှင့် မှာယူမယ်ဆိုတဲ့ သတင်းတွေကို ဂျာမနီက ငြင်းဆိုခဲ့ပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ဖာပွန်ကိုအပြီးသတ်လက်မလွှတ်ရဖို့အတွက်စစ်ရေးအရအရေးပါတဲ့အခြေချစစ်ဗျုဟာမကျရေးအတွက် စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းပစ်ကူကိုပါသုံးပြီး အပြင်းအထန် ကာကွယ်နေတယ်လို့ ကရင်အမျိုးအသား အစည်းအရုံး (KNU) တပ်မဟာ ( ၅) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ဒေသခံတွေအတွက် လေကြောင်းအန္တရာယ်စိုးရိမ်ရလို့ ကချင်လွတ်လပ်ရေးတပ်မ​တော်(KIA)နဲ့ KPDF ပူးပေါင်းတပ်တွေ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းမထိုင်ဘဲပြန်ဆုတ်ခွာခဲ့တဲ့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်(SNA)တွေ ပြန်ဝင်လာပြီး အရပ်သားတွေကို အကြမ်းဖက်လုယက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook