Hi, what are you looking for?
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ မလေးရှားရောက်မြန်မာတွေ တစ်ရက်တာအလုပ်နားပြီး သပိတ်မှောက်လှုပ်ရှားမှုပြုလုပ်ကြဖို့ မြန်မာ့အရေးမဟာမိတ်အင်အားစု (Myanmar Affairs Alliance - MAA) က တိုက်တွန်းထားပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။