close
Connect with us

Hi, what are you looking for?

သတင်း

ရွှေကူတိုက်ပွဲ ဒရုန်းနဲ့အထိနာနေတဲ့ စစ်တပ်ကို KIAပူးပေါင်းတပ် ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်မှုရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ​ရွှေဘိုခရိုင်တပ်ရင်း ၂၄ ကဒီကနေ့ (မေလ ၂၄)မှာ ထပ်မံ ထုတ်ပြန်ပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း - ၂၄

မေ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်မှုရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ​ရွှေဘိုခရိုင်တပ်ရင်း ၂၄ ကဒီကနေ့ (မေလ ၂၄)မှာ ထပ်မံ ထုတ်ပြန်ပါတယ်။

မေလ ၂၃ရက်က ထုတ်ပြန်တဲ့ ရုပ်သံဟာ မဘိမ်းမြို့နယ် ငါးအိုးဒေသနဲ့ ရွှေကူမြို့နယ်အကြားမှာ စစ်တပ် တပ်စွဲရာနေရာတွေ၊ ဒရုန်းထားရှိရာ နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ရုပ်သံမှာတော့ ဒရုန်းကြောင့် အထိနာထားတဲ့ စစ်တပ်ကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်တဲ့ ဒုတိယပြကွက်ကို ဖော်ပြထားတာပါ။

အဲဒီ တိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ရွှေကူ KPDF ဒရုန်းတပ်က ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒရုန်းနည်းပညာကို ကောင်းစွာအသုံးချ တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ငါးအိုးရွာနဲ့ ရွှေကူကြား တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းကြောင့် စစ်တပ် အထိနာတဲ့ ဖြစ်စဉ်အပေါ် မှတ်ချက်ပြုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကလည်း မေလ ၁၆ရက်က စစ်တပ်ကို FPV ဒရုန်းတွေနဲ့ ထိရောက်စွာ တိုက်ခိုက်ချေမှုန်းခဲ့မှု ရုပ်သံကို ဖော်ပြခဲ့ပါသေးတယ်။

တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေမှာ စစ်တပ်ကို PDF၊ ပကဖနဲ့ မဟာမိတ်တွေ အတူလက်တွဲ တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပြီး စစ်တပ်က အဆမတန် အင်အားပြုန်းတီးထိခိုက်လျက်ရှိဟု ရုပ်သံမှတ်တမ်းဖော်ပြ အသိပေးပါတယ်။

လတ်တလောမှာလည်း အဲဒီ ဒေသတွေမှာ တိုက်ပွဲတွေ နေ့တိုင်းပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်း တပ်သားသစ်တွေရဲ့ အသက်တွေကို စတေးပြီး နယ်မြေ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတဲ့အပေါ် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ရေးဗျူဟာကျကျ တုံ့ပြန်တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

မ‌‌ကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ အင်အားဖြည့် စစ်ကြောင်းထိုးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ‌ပြောပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ