close
Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုး ချင်းပြည် အစိုးရဆေးတက္ကသိုလ်ဖွင့်ပွဲ တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ဆောင်နေတဲ့ ဆေးတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်တာ ပြုလုပ်ခဲ့တယ်လို့ ချင်းပြည်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုး ချင်းပြည် အစိုးရဆေးတက္ကသိုလ်ဖွင့်ပွဲ တက်ရောက်နေစဉ်။ ဓာတ်ပုံ - GOC

ဧပြီ ၁၆၊၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ဆောင်နေတဲ့ ဆေးတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်တာ ပြုလုပ်ခဲ့တယ်လို့ ချင်းပြည်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာဇော်ဝေစိုးဟာ ချင်းပြည်ကောင်စီ၊ ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော် ခေါင်းဆောင်တာဝန်ရှိသူတွေနဲ့ ဧပြီ ၁၄ရက်က တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီတွေ့ဆုံမှုဟာ NUGနဲ့ ချင်းပြည်ကောင်စီ အကြား အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်တဲ့ ကိစ္စရပ်တွေ ၊ ချင်းပြည်ကောင်စီနဲ့ မဏ္ဍိုင် ၃ရပ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ NUG အစိုးရရဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေတွေ အပြန်အလှန် ဆွေးနွေးခဲ့ဟု ဖော်ပြထားပြီး အသေးစိတ် ဆွေးနွေးချက်တွေ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ချင်းပြည်အစိုးရဲ့ ဆေးတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ဒေါက်တာ ဇော်ဝေစိုး တက်ရောက်ခဲ့ပြီး အခမ်းအနားမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမှာစကား ပြောတာ၊ ထောက်ပံ့ငွေ ပေးတာ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒေါက်တာဇော်ဝေစိုးဟာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်မယူမီက NUG ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

ဒေါက်တာ ဇော်ဝေစိုးအနေနဲ့ ၂၀၂၅ ကတည်းက မြေပြင်ကွင်းဆင်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ဒေသ အပါအဝင် တော်လှန်ရေးနယ်မြေဒေသတွေကို သွားရောက် ကာ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
NUG ကျန်းမာရေးဝန်ကြီးဌာနဲ့ ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနတို့ဟာ အရင်ကတည်းက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

(NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုး ချင်းပြည် အစိုးရဆေးတက္ကသိုလ်ဖွင့်ပွဲ တက်ရောက်နေစဉ်။ ဓာတ်ပုံ – GOC)

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှု (၅)နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး အမှားတွေ သင်ခန်းစာယူကာ ပိုထိရောက်တဲ့ တော်လှန်ရေးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်သလို ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ...

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုများစွာ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို အကြိမ်ကြိမ်ကျူးလွန်ပြီး သမ္မတ ရာထူးကို အဓမ္မရယူထားသူဖြစ်တယ်ဆိုတာပြတ်ပြတ်သားသားမြင်ကြဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မင်းဝင်းခိုင်သန်းက ပြောကြားခဲ့ပြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားကို ချနင်းခဲ့ဟု အသိပေးပါတယ်။

သတင်း

မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေဒီကနေ့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြေရှင်းနိုင်မယ့် သဘောတူညီမှုများရရှိခဲ့တယ်လို့ NUGက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးဖက်ဒရယ်ယူနစ် ၊ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေ နဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးလူထုမထိခိုက်စေတဲ့ နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ရေး အလေးထား ဆွေးနွေးခဲ့ကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။