close
Connect with us

Hi, what are you looking for?

သတင်း

ကား​မှောက်ပြီး ဒဏ်ရာရသူ​တွေတင်လာတဲ့လူနာတင်ကားကို စစ်တပ်က ဒုဌဝတီမြစ်ကူးတံတားဖြတ်သန်းခွင့်မ​ပေး

သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ဒီနေ့ (ဧပြီလ၁၆ရက်)နေ့လယ်ပိုင်းက ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ထိခိုက်သူတွေကို ဆေးရုံပို့ဖို့ ဒုဌဝတီမြစ်ကူးတံတားဖြတ်တဲ့ လူနာတင်ကားကိုစစ်တပ်ကတားဆီးခဲ့လို့ ဒဏ်ရာရသူတွေ အချိန်မီ​ဆေးကုသခွင့်မရခဲ့ဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

(ယာဥ်တိုက်မှုဖြစ်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ဧပြီ-၁၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ဒီနေ့ (ဧပြီလ၁၆ရက်)နေ့လယ်ပိုင်းက ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ထိခိုက်သူတွေကို ဆေးရုံပို့ဖို့ ဒုဌဝတီမြစ်ကူးတံတားဖြတ်တဲ့ လူနာတင်ကားကိုစစ်တပ်ကတားဆီးခဲ့လို့ ဒဏ်ရာရသူတွေ အချိန်မီ​ဆေးကုသခွင့်မရခဲ့ဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

လားရှိုး-သီပေါကြားက ဒုဌဝတီမြစ်ကူး တံတားကိုကိုးကန့်တပ် MNDAAနဲ့စစ်​ကောင်စီတပ်တို့က တစ်ဖက်စီထိန်းချုပ်ထားတာဖြစ်ပြီး ဒီနေ့ဖြစ်ပွားတဲ့ကားတိမ်းမှောက်မှုမှာ လူနာတွေတင်လာတဲ့ကားကို စစ်ကောင်စီကဖြတ်သန်းခွင့်မပေးဘဲတားဆီးခဲ့တာဖြစ်ပါတယ်။

” ကိုးကန့်တပ်ဖက်က ဖွင့်ပေးတယ်။ စစ်တပ်က ဖြတ်ခွင့် မပေးလို့လှည့်ပြန်ရတယ်။အမျိုးသမီးလူနာတစ်ဦးသေဆုံးတယ်။ဒဏ်ရာရတာတွေများတယ်” လို့ သီပေါမြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံတဦး က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူဆယ်ဦးထက်မနည်းတင်ဆောင်လာတဲ့ကားတစ်စီးဟာ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ပြည်ထောင်စုလမ်းမပေါ်က ဆွတ်လန်းရွာအနီးမှာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ သိပေါမြို့ထဲကဆေးရုံကိုပို့ဖို့အတွက် ဒုဌဝတီမြစ်ကူးတံတားကိုဖြတ်ဖို့လိုပါတယ်။

“ တံတားကိုဖြတ်မရတော့ လူနာတွေကိုလုံလောက်တဲ့ကုသဖို့အချိန်မရခဲ့ဘူး။လားရှိုးဘက်ကိုပြန်ဖို့ကဝေးကြီးပဲ။ကားကနောက်ကြောင်းပြန်လှည့်သွားတာတွေ့တယ်” လို့ သီပေါမြို့ခံကပြောပါတယ်။

သီပေါမြို့ဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကျောက်မဲနဲ့ လားရှိုးမြို့ကြားမှာရှိပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းတပ်(TNLA)ကသိမ်းယူခဲ့တဲ့ မြို့တွေထဲမှာ သီပေါမြို့ပါခဲ့ပါတယ်။ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ မြို့ပေါ်ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး ဒုဌဝတီတံတားဟိုဘက်ခြမ်းက ပြည်ထောင်စုလမ်းပိုင်းကို MNDAAက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ခုနှစ်နိုဝင်ဘာလမှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေးတင်းမာပြီးတဲ့နောက်ပိုင်း တံတားကို နှစ်ဖက်စလုံးကပိတ်ခဲ့တာပါ။ သင်္ကြန်ကာလမှာ ဆိုင်ကယ်နဲ့ကားအသေးတွေကိုဖြတ်သန်းခွင့် ယာယီပြုထားပါတယ်။ ဒီနေ့ ကားတိမ်းမှောက်မှုမှာ လူနာတင်ကားဖြတ်သန်းခွင့်မပြုခဲ့တဲ့အပေါ် ဒေသခံတွေက စစ်တပ်ကိုပြစ်တင်ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သင်္ကြန်ပွဲတော်နောက်ဆုံးနေ့ အတက်နေ့မှာ စစ်တပ်က မကွေးတိုင်း၊ပေါက်မြို့နယ်က ဝန်လဲ (အောက်စု)ကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ရာ ပြည်သူနှစ်ဦး သေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ကြဖို့၊အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ဖို့ လှုပ်ရှားတောင်းဆိုတာဟာ ထောင်အကျယ်ထဲက ကျနော်တို့တွေအတွက် လုပ်ကို လုပ်ရမယ့် တာဝန် တရပ်ပဲဖြစ်ပါတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဆိုပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။