close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က အဓမ္မဖမ်းဆီးအကျဉ်းချခံထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးဖို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့မှာ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

လူထုခေါင်းဆောင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ကြဖို့၊အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ဖို့ လှုပ်ရှားတောင်းဆိုတာဟာ ထောင်အကျယ်ထဲက ကျနော်တို့တွေအတွက် လုပ်ကို လုပ်ရမယ့် တာဝန် တရပ်ပဲဖြစ်ပါတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဆိုပါတယ်။

အဆိုပါလှုပ်ရှားမှုကို ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းနဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ဒီနေ့ (ဧပြီလ၁၆ရက်)နေ့လယ်ပိုင်းက ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ထိခိုက်သူတွေကို ဆေးရုံပို့ဖို့ ဒုဌဝတီမြစ်ကူးတံတားဖြတ်တဲ့ လူနာတင်ကားကိုစစ်တပ်ကတားဆီးခဲ့လို့ ဒဏ်ရာရသူတွေ အချိန်မီ​ဆေးကုသခွင့်မရခဲ့ဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

သင်္ကြန်ပွဲတော်နောက်ဆုံးနေ့ အတက်နေ့မှာ စစ်တပ်က မကွေးတိုင်း၊ပေါက်မြို့နယ်က ဝန်လဲ (အောက်စု)ကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ရာ ပြည်သူနှစ်ဦး သေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်မှာ သင်္ကြန်အကျနေ့ (ဧပြီ၁၄)က ‌ဆိုင်ကယ်ရေဆေးတဲ့ Gunနဲ့ရေကစားစဥ် (၁၆)နှစ်အရွယ် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၆) သင်္ကြန်အတက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။