close
Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်အကျနေ့မှာ စစ်တပ်က ဆားလင်းကြီးမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့ ထန်းသမားတစ်ဦး သေဆုံး

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

​ဧပြီ-၁၄၊ ၂၀၂၆။ဇေအောင်/People’s Spring

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီကနေ့ (ဧပြီ ၁၄ရက်) သင်္ကြန်အကျနေ့ ညနေ ၆ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ရင်မောင်တိုင် ကျေးရွာကို စစ်တပ်က ပါရာမိုတာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၄၀)အရွယ် ရှိ ထန်းတက်လုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

“ နခမကနေတက်လာတဲ့ ပါရာ၂စီးနဲ့ချတာ။ ပြည်သူတစ်ဦး သေတယ်။ ဘာတိုက်ပွဲမှမရှိဘဲချတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝဲကွဲကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လာရောက်ပစ်ခတ်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ကာ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။

အလားတူ ဒီကနေ့သင်္ကြန်အကျနေ့မှာပဲ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြည်သူထိခိုက်မှုတွေ ရှိနေကြောင်း သတင်းရရှိပါတယ်။

စစ်တပ်ဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသက မြို့တွေမှာ သင်္ကြန်ပွဲတော်ကို စည်ကားအောင်လုပ်ပေးနေပြီး တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတွေကိုတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကြောင်းထိုး မီးရှို့တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China Southern Power Gridနဲ့ စစ်တပ်ရဲ့စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်‌တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။