close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်း၂ ကြောင်းထိုးပြီး ရွာတွေမီးရှို့

မန္တ‌လေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ပန်းပေါင်းကျေးရွာက ဒေသခံ ၂ဦး သတ်ဖြတ်ကာ ကျေးရွာကို မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်က ပန်းပေါင်းရွာကို စစ်တပ်က မီးရှို့နေစဉ်။ ဓာတ်ပုံ - CJ

ဧပြီ−၇၊၂၀၂၆။ ရှိန်း/People’s Spring

မန္တ‌လေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ပန်းပေါင်းကျေးရွာက ဒေသခံ ၂ဦး သတ်ဖြတ်ကာ ကျေးရွာကို မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်က ပန်းပေါင်းရွာကို စစ်တပ်က မီးရှို့နေစဉ်။ ဓာတ်ပုံ – CJ

မလှိုင်မြို့နယ်က ထွက်လာတဲ့ အင်အား၂၀၀ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ ဧပြီ ၅ရက် မနက်ပိုင်းမှာ တောင်သာမြို့နယ် ပန်းပေါင်းရွာအနီးက PDFစစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်တစ်ဦးဒဏ်ရာ ရခဲ့ပြီး လူ၊လက်နက်ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ပန်းပေါင်းရွာကို စစ်တပ်ကဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ (၆၈)နှစ်အရွယ်နဲ့ (၅၈)နှစ် အရွယ် အမျိုးသမီး ၂ဦး ဗုံးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ဗုံးကြဲမီးရှိူ့တာတွေဆက်တိုက်ပြုလုပ်နေပြီး ဒီကနေ့အထိ စစ်ကြောင်းရှိနေတာမို့ ပျက်စီးမှု အရေအတွက်ကို မသိရသေးဘူးလို့ ဒေသခံ‌‌တွေက ပြောပါတယ်။

” ၅ရက်နေ့က ဒရုန်းနဲ့လည်း မီး လောင်ဗုံးကြဲတယ်။အဲဒီမှာလည်း အိမ်၄လုံး လောက်ပါတယ်တဲ့။အဲတာပြီးတော့ ဆက်မီးရှို့တာ။တရွာလုံးကုန်ပြီပြောတာပဲ။ကျွန်မတို့လည်းရွာထဲ မဝင်ရသေးတော့တိတိကျကျမသိရ သေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မဟာသင်္ကြန်ပွဲတော်နီးကပ်လာချိန်မှာ စစ်တပ်က တောင်သာမြို့နယ်မှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေရှိနေပြီး ကျေးရွာတွေကို ဆက်တိုက်မီးရှို့နေတယ်လို့ တောင်သာမြို့နယ်က PDFတပ်ရင်းတစ်ခုကလည်း ပြောပါတယ်။

တဖက်မှာလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်သာမြို့ ပေါ်နေ စစ်တပ်က ဖောကား၂စီး၊ခြေလျင်စစ် ကြောင်း စုစုပေါင်း အင်အား၁၅၀ခန့်နဲ့ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး နေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ၂၀ ရက်မှာ ညောင်တို၊ကန်ပေါက်ကျွန်းရွာတွေကို စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။မတ်လ၂၃ရက်မှာ အဲဒီစစ်ကြောင်းဟာ မင်းတည်းကျေးရွာကို ရောက်ရှိခဲ့ပြီး မင်းတည်းရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မင်းတည်းကျေးရွာကို ၂ရက်ဆက်တိုက် ရွာလုံးကျွတ်မီးရှို့ပြီးတဲ့နောက် မတ်လ၂၆ရက်မှာလည်းသဲတောရွာကို ထပ်မံမီးရှို့ခဲ့တာလို့သိရပါတယ်။

အဲဒီစစ်ကြောင်းကလည်း သဲတောကျေးရွာရဲ့မြောက်ဘက်က ကျေးရွာတွေဆက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်ကြောင်းတွေထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ကျေးရွားသုံးရွာ မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၅၀ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။