close
Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်ကြောင်းတွေထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

ဧပြီ-၅၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်ကြောင်းတွေထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

အောင်လံမြို့အခြေစိုက် အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၁၇ )က စစ်ကြောင်းတစ်ကြောင်းနဲ့ နေပြည်တော်ကလာတဲ့စစ်ကြောင်းတွေနဲ့ ဧပြီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

“ မိတ္ထီလာတပ်တွေ ပါတယ်။အင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်။တိုက်ပွဲကပြင်းထန်နေတယ်။မနေ့က သူတို့တော်တော် အထိနာသွားတယ်။အခုချိန်ထိလည်း ကြားထဲ တိုက်နေရတုန်းပဲ” လို့ နတ်မောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နတ်မောက်မြို့နယ်ရဲ့အရှေ့ခြမ်းက ကျောက်မိုးနဲ့ လျော်ချောင်းကျေးရွာကြား တောင်တန်းမှာရှိတဲ့ ကာကွယ်ရေးစခန်းတစ်ခုကို စီးနင်းဖို့ စစ်တပ်က စစ်ကြောင်းထိုးလာတာလို့ သူက ပြောပါတယ်။

“ တိုက်ပွဲက ရှည်နိုင်တယ်။စစ်ကြောင်းက တအားကိုထိုးနေတာ” လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့က ကိုအောင်ဒင်က ပြောပါတယ်။

ကပစ(၁၇)ကထွက်လာတဲ့ စစ်ကြောင်းကို မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ ဧပြီ ၁ ရက်က တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖက ဒီကနေ့ဧပြီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုနဲ့ လက်ဦးရယူမှုတွေကြောင့် စစ်တပ်က ထိခိုက်သေဆုံးသူ ၁၅ ဦးဝန်းကျင်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။စစ်တပ်က သေဆုံးမှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ခုခံစစ်အခြေအနေကြောင့် ကျေးရွာတွေအနီးမှာထိတွေ့တိုက်ပွဲငယ်တွေ ဆက်ဖြစ်ပွားနေတယ်လို့ နတ်မောက် ပကဖက အသိပေးပါတယ်။

လက်ရှိ စစ်ဆင်ရေးကာလမှာ မိုင်း၊လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို ဂရုတစိုက်ရှိကြဖို့လည်း ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

အခုနှစ်ဆန်းပိုင်းက နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ စစ်တပ်ရဲ့အရာရှိအဆင့်တွေအပါအဝင် ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲအရာရှိ ယာဥ်တန်းတိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။

(နတ်မောက်ဂဠုန်တပ်ဖွဲ့က ရဲဘော်တွေ တိုက်ပွဲတခုအတွင်း ပစ်ခတ်နေစဉ်။ ဓာတ်ပုံ − Screengrab

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ကျေးရွားသုံးရွာ မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၅၀ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လွှတ်​တော်​ခေါ်တဲ့ ဒုတိယ​နေ့မှာ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေက ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကမတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။