close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်မှာတိုက်ပွဲဆက်လက်ပြင်းထန်

စစ်ကောင်စီရှေ့တန်းစခန်း ၆ ခုကို KIA၊KPDFကသိမ်းယူထားတဲ့ ဖားကန့်မြို့နယ်မှာ ဒီ​နေ့ညမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။

ဖားကန့်​ဒေသမှာ ဧပြီ ၂ ၊ ၃ ရက်တိုက်ပွဲမှာစစ်တပ်ထံကသိမ်းဆည်းရရှိတဲ့ ခဲယမ်း၊စစ်သုံးပစ္စည်းနဲ့ ကာကင်းစခန်းတစ်ခုကို​တွေ့ရစဥ်။ ဓါတ်ပုံ-Lung Jung La N

ဧပြီ-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကောင်စီရှေ့တန်းစခန်း ၆ ခုကို KIA၊KPDFကသိမ်းယူထားတဲ့ ဖားကန့်မြို့နယ်မှာ ဒီ​နေ့ညမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။

မရှီက‌ထောင်ရပ်ကွက်၊ဆိုင်းတောင်နဲ့ ယူမာကျေးရွာပတ်ဝန်းကျင်နေရာတွေမှာ ဧပြီလ ၅ရက်ည၈နာရီကျော်ကစပြီး KIA၊KPDFနဲ့ စစ်တပ်စစ်ကြောင်း တွေအနီးကပ်တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

“ ပေါက်ကွဲသံတွေက အရင်ထက်ကြမ်းတယ်။ လေကြောင်းသတိထားရမယ့် ပုံစံမို့ပုန်းကျင်းထဲမှာ နေကြရတယ်။ တိုက်ပွဲကြီးစပြီလို့ ပြောကြတာပဲ” လို့ ဆိုင်းတောင်ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်က စစ်တပ်ရဲ့စခန်းတွေကိုဧပြီလ၂ ရက်မနက် ၅နာရီကနေစပြီး KIA၊KPDFကထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ ဧပြီလ၂ ရက်နဲ့ ဧပြီလ ၃ရက်မှာစစ်တပ်ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFသိမ်းယူခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။

“ ရှေ့တန်းစခန်းတွေသိမ်းယူတဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာအရာရှိတွေလည်းပါတယ်။ စစ်တပ်ဘက်က တော်တော်လေး မကျေမနပ်ဖြစ်နေတာ။ လမ်းတွေကိုလည်း တော်လှန်ရေးဘက်က ပိတ်ထားတုန်းပဲ” လို့ KIA၊KPDFနဲ့ နီးစပ်သူက ပြောပါတယ်။

ဧပြီလ ၃ရက်နေ့က တိုက်ပွဲမှာ လက်နက်ခံယမ်းတွေသယ်လာတဲ့ စစ်တပ်ကားတစ်စီးကို KIA၊KPDFက သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဧပြီလ၂ရက်ကတိုက်ပွဲစတင်ပြီးနောက်ပိုင်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့်လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် သတိပြုကြဖို့ KIA၊KPDFက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အခုညပိုင်းအထိ မီးလောင်နေဆဲဖြစ်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မတ်လ ၃၁ရက် ည ၈နာရီခန့်ကစပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF သတင်းရင်းမြစ်တွေက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်းကသာမြို့မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) ၊ PDF တပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက်ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံထောင်နဲ့ချီပမြို့အတွင်းမှာ ပိတ်မိနေဆဲလို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးဆီကသိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က မဟာမိတ်ဖြစ်ခဲ့တဲ့ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းယူပြီးနောက် ရှမ်းမြောက် ပြည်ထောင်စုလမ်းပေါ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်ဂိတ်တွေကိုလည်း ဖယ်ရှားခိုင်းလို့ ဂိတ်တွေဖယ်ရှားသွားပြီဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောပါတယ်။