close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာအိမ်ရှေ့ဆေးလိပ်ထွက်သောက်တဲ့ လူငယ်ကို စစ်တပ်က ပေါ်တာဆွဲရှေ့တန်းပို့

ရန်ကုန်မြို့မှာ နေအိမ်ရှေ့ ဆေးလိပ်ထွက်သောက်တဲ့ လူငယ်ကို စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ဖြစ်စဉ် ဧပြီ ၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်က အဓမ္မစု​ဆောင်းထားတဲ့လူငယ်​တွေကို ​စစ်သင်တန်းပို့ရန်ကား​ပေါ်တက်ခိုင်းစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ဧပြီ ၅၊ ၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့မှာ နေအိမ်ရှေ့ ဆေးလိပ်ထွက်သောက်တဲ့ လူငယ်ကို စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ဖြစ်စဉ် ဧပြီ ၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့လူငယ်ကို မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့ပေမယ့် အဆက်အသွယ်မရဘဲ စစ်တပ်က ချက်ချင်း ရှေ့တန်း ပို့ခံရတယ်လို့ ဒေသခံ​တွေကပြောပါတယ်။

“ အချိန်က ၉ နာရီကျော်ကျော်လောက်ပဲရှိဦးမယ်။ ဆေးလိပ် ထွက်သောက်တာ။ သူတို့ကင်းလှည့်နေတဲ့အချိန်နဲ့တိုးတော့ ကားပေါ်ကို ဆွဲတင်သွားတယ်။ ချက်ခြင်းလိုက်တော့ ဘယ်တပ်ကဖမ်းမှန်းမသိဘူး။ ၃ ရက်နေ့လောက်‌ကျတော့ ဖုန်းရတယ်။ ရှေ့တန်းရောက်နေတာတယ်။ သူတို့ကမျက်လုံးကိုအဝတ်မည်းနဲ့စည်းပြီးခေါ်သွားတာလို့ ပြောတယ်။ ရခိုင်ဘက်မှာလို့ ပြောတယ်။ ဘေးကင်းပါစေလို့ပဲဆုတောင်းပေးရမှာပေါ့” လို့ ​ပေါ်တာဆွဲခံရတဲ့လူငယ်နဲ့တစ်မြို့နယ်တည်း​နေသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရတဲ့လူငယ်ဟာ အသက်(၂၇)နှစ်သာရှိသေးပြီး ဇနီးဖြစ်သူ နဲ့ အရွယ်မရောက်သေးတဲ့ သားလေးတစ်ဦးရှိတယ်လို့ စုံစမ်းသိရပါတယ်။

အလားတူ ဧပြီ ၂ ရက် ညပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ်မှာ အလုပ်ကပြန်တဲ့လူငယ်တစ်ဦးကို စစ်တပ်က အတင်းအဓမ္မပေါ်တာဆွဲခဲ့တဲ့ ဖြစ်
စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်တပ်က ရန်ကုန်မြို့ ရပ်ကွက်တစ်ခုကို ၁၀ဦးနှုန်းနဲ့ လူငယ်တွေကို ပေါ်တာဆွဲပေးရမယ်လို့ ညွှန်ကြားပြီးနောက်ပိုင်း လူငယ်တွေ ခပ်‌စိပ်စိပ်ပျောက်ဆုံးလာတယ်လို့ ရပ်ကွက်နေပြည်သူတွေ‌ကပြောပါတယ်။

မုံရွာ၊စလင်း ၊မန္တ​လေးစတဲ့​ဒေသ​တွေမှာလည်း ဒီရက်ပိုင်းမှာစစ်တပ်ကလူငယ်​တွေကို အဓမ္မ စစ်
သားသစ်စု​ဆောင်း၊​ပေါ်တာဆွဲတာ​တွေပိုလုပ်လာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။

စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဧပြီလမှာ စစ်မှု
ထမ်း အပတ်စဉ် (၂၄)အတွက်ခေါ်ယူနေပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းခေါ်ဆောင်တာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး လူစားထိုးမှုတွေလည်း များလာပါတယ်။

ငွေပေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ စစ်တပ်က အဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းတာကို ပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်က လစဥ်စစ်မှုထမ်းခေါ်တဲ့အပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ နဲ့ ပေါ်တာဆွဲတာတွေကိုလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာဖြစ်နေပါတယ်။

စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကို ဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တွေမှာ စစ်တပ်က တွေ့သမျှ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်မှာ ဧပြီ ၂ ရက် ညပိုင်းက လမ်းသွားနေတဲ့ လူငယ်တစ်ဦးကို စစ်သားတွေက ရိုက်နှက်ပြီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ ပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်နေတဲ့ အငြိမ်းစားအရာရှိတစ်ဦးနဲ့ ပျူစောထီးတစ်ဦးကိုဖမ်းဆီးရမိကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က ပေါ်တာလာဆွဲဖမ်းဆီးလို့ ခြုံအတွင်းပုန်းခိုနေတဲ့ အမျိုးသားတစ်ဦး ပိုးထိသေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။