close
Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းအသိပညာပေးဟောပြောတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လေကြောင်းအသိပညာပေးဟောပြောတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၄) မှာ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၄၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လေကြောင်းအသိပညာပေးဟောပြောတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၄) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ဒေသတွင်းရှိလက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနဲ့ သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

အရာတော်မြို့နယ်အတွင်း ကျောင်းသားထုနဲ့ ပြည်သူလူထုအား လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် အသိပညာပေးဗွီဒီယိုတွေ ပြသခဲ့ပြီး ကာကွယ်ရေးနည်းလမ်းတွေ ဆွေးနွေးတင်ပြခြင်းနဲ့ သရုပ်ပြခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဗုံးခိုကျင်းတည်ဆောက်ပုံ၊ လေကြောင်းအန္တရာယ်အသိပညာပေး ပန်းဖလက်အစောင်ရေ (၂၀၀)ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒပြသပိတ်မှောက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ အရာတော်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄)ဦးရှိတဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး ကလေးငယ်နစ်ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီကနေ့ (မတ်လ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။