close
Connect with us

Hi, what are you looking for?

သတင်း

“ ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ” ကြွေးကြော်သံနဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီကနေ့ (မတ်လ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုလူထုသပိတ်၊ GSCB

မတ်-၂၉၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီကနေ့ (မတ်လ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ပြည်သူအခြေပြုကျောင်းတစ်ကျောင်းမှာ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲပြုလုပ်ကာ ကျောင်းသား/ ကျောင်းသူတွေနဲ့ ဒေသအတွင်းရှိပြည်သူတွေကို စာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။

မြောင်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က “ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” နဲ့ “ ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ပါဝင်တဲ့ ပန်းဖလက်ကို ဖြန့်ဝေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုအဖွဲ့ဝင်ကျောင်းသား/သူ လူငယ်တွေနဲ့ တော်လှန်ကျောင်းသူ/သား လူငယ်တွေ တွေ့ဆုံပီး လူငယ်တွေရဲ့ အခွင့်အလမ်းအတွက် အမြင် ဗဟုသုတဖလှယ်ခြင်းနဲ့ သပိတ်လူထုလှုပ်ရှားမှုအကြောင်း မိတ်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၂၇) မှာ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်အသိပေးတာနဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။