close
Connect with us

Hi, what are you looking for?

သတင်း

သံတွဲမှာ စစ်တပ်က တိုက်လေယာဉ်အုပ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ဦးပါဝင်တဲ့ စစ်ရှောင်မိသားစုဝင် ၄ဦးသေဆုံး

ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄)ဦးရှိတဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး ကလေးငယ်နစ်ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ တပ်ချုပ်သစ်လက်ထက်မှာ မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတဲ့ ပထမဆုံးဖြစ်ရပ်ဟု AA ထုတ်ပြန်

ဧပြီ ၁၊ ၂၀၂၆။ People’s Spring

ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄)ဦးရှိတဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး ကလေးငယ်နစ်ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီဟာ သံတွဲမြို့နယ်ကို တိုက်လေယာဉ် ၄စီးနဲ့ လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့သလို ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘော တစ်စီးကလည်း လက်နက်ကြီးအချို့ တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အရင်က သူတို့ရဲ့ တပ်စခန်းနေရာဖြစ်တဲ့ ခလရ(၅၅)တပ်ရင်းအနီး ဝန်းကျင်ကို ဗုံးကြဲခဲ့ရာ အနီးအနားမှာ စစ်ရှောင်နေတဲ့ မိသားစုလိုက် သေဆုံးခဲ့ရသလို ကလေး ၂ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်တွင် မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရသော ပထမဆုံးဖြစ်ရပ်ဖြစ်သည်” လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်နေလို့ သေဆုံးခဲ့ကြရသူတွေ ရဲ့ မိသားစု၊ ဆွေမျိုးများနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း AAက ဖော်ပြပြီး ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း အာရက္ခပြည်ကို ဂျက်တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်) နဲ့ ကင်းထောက်လေယာဉ်များကို တပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမို သူရဲဘောကြောင်စွာ၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် ပြုလုပ်လာလို့ ပြည်သူတွေ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန် အထူးသတိပြုဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ မတ် ၂၉ရက်ကလည်း AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ပလက်၀မြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပလက်၀မြို့နယ် ကြောင်ချောင်းရွာက ကလေး ၄ဦး အပါ၀အင် ပြည်သူ ၇ဦးသေဆုံးကာ ကလေးငယ် ၂ဦး အပါအဝင် ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)က ၁၀၂၇စစ်ဆင်ရေးမှာ ဖမ်းဆီထိန်းသိမ်းခဲ့တဲ့ သုံ့ပန်းတွေထဲက သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၁၅၂ ဦးကိုထပ်မံလွှတ်ပေးလိုက်တယ်လို့ ‌ရခိုင်သတင်းမြစ်တွေကအတည်ပြုပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း က ဖလူးကြီးကျေးရွာ ကို စစ်ကောင်စီတပ်က ဒီနေ့ (မတ်လ ၂၈ ရက် ) နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် နေအိမ် ၁၀လုံးကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာအာရက္ခတပ်တော်(AA)နဲ့အတူပူးပေါင်းတိုက်ခိုက်နေတယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ပါတယ်။

Facebook