close
Connect with us

Hi, what are you looking for?

သတင်း

ကနီမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကိုစစ်တပ်ကဂျက်ဖိုက်တာ ၇ စီးနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်းကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှု​တွေရှိ​နေပါတယ်။

မတ်-၂၁၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်းကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှု​တွေရှိ​နေပါတယ်။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို နေပြည်တော်၊ မကွေး၊ မိတ္ထိလာလေတပ်‌တွေကနေ တက်လာတဲ့ဂျက်ဖိုက်တာတွေနဲရှေ့ဆင့်နောက်ဆင့် ပစ်ခတ်တာလို့ ဒေသခံတွေကပြောပါတယ်။

“ ဘုန်းကြီးတွေဆွမ်းစားပြီးချိန်မှာပစ်သွားတာ။ ထိတာတွေများတယ်။ ပိတ်မိနေတာတွေလည်းရှိတယ်။ ဒရုန်းတွေပါ ဆက်ဝဲနေတယ်” လို့ ဒေသခံကပြောပါတယ်။ စာသင်ကျောင်းကိုတော့ပိတ်ထားတဲ့အတွက်အရပ်သားထိခိုက်မှုမရှိခဲ့ဘူးလို့​ဒေသခံအချို့ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂၁ ရက်ဗုံးကြဲတိုက်ခိုက်မှု​တွေ​ကြောင့်ထိခိုက်မှု အသေးစိတ်အခြေအနေကိုလတ်တလောမှာမသိရှိရသေးပါဘူး။

စစ်တပ်ကမတ်လ ၂၀ရက်ကလည်းကသာမြို့ ရပ်ကွက်(၃)ထဲကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာလည်း သံဃာတော်နဲ့အရပ်သား ၅၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

စစ်တပ်က မတ်လ ၁၅ရက်ကနေ ဒီနေ့ မတ်လ ၂၁ရက် မွန်းလွဲပိုပိုင်းအချိန်အထိ စစ်ကိုင်းတိုင်းထဲက ကျွန်းလှ၊ ကသာ၊ ကနီမြို့တွေကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားအစုလိုက်အ ပြုံလိုက်သေဆုံးမှုတွေရှိနေပါတယ်။

နေပြည်တော်မှာ စစ်တပ်ကလွှတ်တော်ခေါ်ယူနေစဉ်မှာပဲ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲနေတဲ့အတွက် လေကြောင်းရန်ကိုပိုမိုသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်သွင်/People’s Spring ​လေယာဥ်ဆီရှားပါးလို့ ပြည်တွင်း​လေ​ကြောင်းလိုင်း​တွေကို ရပ်နားခိုင်းချိန်မှာ စစ်တပ်က ကသာမြို့ကို ​လေယာဥ်​တွေအကြိမ်ကြိမ်ပျံဝဲပြီး ရဟန်း​တော်​တွေ ဆွမ်းဘုန်း​ပေး​နေချိန်မှာ ဗုံးကြဲလိုက်ပါတယ် ။ ဘုန်းကြီးတွေနဲ့ စစ်​ဘေး​ရှောင် က​လေးငယ်​တွေ ၊အမျိုးသမီး​တွေအပါအဝင် အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်ပါတယ်။ ကသာမြို့ပေါ် ရပ်ကွက်(၃)ထဲက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ မဟာလေးထပ်ဘုန်းကြီးကျောင်းကျောင်းကိုမတ်လ...

သတင်း

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ငါးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အ ရှေ့ခြမ်းမှာ စစ်တပ်က လေ‌‌ယာဉ်နဲ့ ဗုံးကြဲခဲ့တာမို့ ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီး၂ဦး သေဆုံးပြီး အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်က ပြောင်းကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဗုံးဒဏ် သင့်ခဲ့တဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်အရှို CDF - Ashoက ထုတ်ပြန်ပါတယ်။

Facebook