close
Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်မှာ စစ်တပ် လက်နက်ကြီးထိမှန်လို့ ပြည်သူ၂ဦး သေဆုံး၊ကလေး ၁ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရားဖူးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က ပြည်သူလူထု နေထိုင်ရာကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

စစ်တပ် ပစ်ခတ်မှုကြောင့် ထိမှန်ဒဏ်ရာရတဲ့ ကလေးငယ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU-MTD

မတ်-၂၁။ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရားဖူးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က ပြည်သူလူထု နေထိုင်ရာကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ လယ်ဒိုစိုးမြို့နယ် ဒဝယ်ခီးကျေးရွာအုပ်စု ရာဖူးကျေးရွာကို စစ်ကောင်စီက မတ်လ ၂၀ရက်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ လယ်ဒိုစိုးမြို့နယ်ဆိုတာ ရေဖြူနဲ့ ထားဝယ်မြို့နယ်အတွင်းက နယ်မြေဒေသတွေ ပါဝင်ပါတယ်။

ရားဖူးရွာဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပူးပေါင်းစစ်ကြောင်းက ၁၂၀ မမ လက်နက်ကြီးနဲ့ ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ဦး ထိမှန်သေဆုံးပြီး (၁၀)နှစ်အောက်ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အခု မတ်လအတွင်းမှာ စစ်ကောင်စီ တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေကို စစ်ကောင်စီကလည်း လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

မတ်လ ၁၁ရက်က သိမ်းပိုက်ခံရတဲ့ ဝင်း၀ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ ကာလမှာလည်း စစ်ကောင်စီဟာ ဝင်း၀ စခန်းတည်ရှိရာ သရက်ချောင်းမြို့နယ် အပါအဝင် KNU တပ်မဟာ(၄)နယ်မြေတွေက အရပ်သား နေထိုင်ရာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုတွေ အများအပြားဖြစ်ခဲ့ပါတယ်။

ဝင်း၀ တပ်စခန်း အသိမ်းခံရပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေကြောင်း KNUက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အအသိပေး ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒဏ်ရာရသူ​တွေကို ကသာမြို့အမှတ် ၂ ရဲစခန်း ကို စစ်တပ်က​ခေါ်သွား

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ကင်းစင်တဲ့ နိုင်ငံရေးစနစ်သစ်တခုဆီကို ဦးတည်တိုက်ပွဲဝင်နေကြောင်းချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ /ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook