close
Connect with us

Hi, what are you looking for?

သတင်း

ကံမမြို့ ရေသန့်စက်ရုံအလုပ်သမားတွေကို စစ်တပ်ကပေါ်တာဆွဲလို့ စက်ရုံပိတ်လိုက်ရ

မကွေးတိုင်း၊ ကံမမြို့က ရေသန့်စက်ရုံရဲ့ အလုပ်သမားတွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခံရတာကြောင့် စက်ရုံပိတ်လိုက်ရတယ်လို့ အဲဒီရေသန့်စက်ရုံပိုင်ရှင်က ပြောပါတယ်။

ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ ရေသန့်စက်ရုံကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

မတ်-၂၀၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ကံမမြို့က ရေသန့်စက်ရုံရဲ့ အလုပ်သမားတွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခံရတာကြောင့် စက်ရုံပိတ်လိုက်ရတယ်လို့ အဲဒီရေသန့်စက်ရုံပိုင်ရှင်က ပြောပါတယ်။

လွန်ခဲ့တဲ့ လေးရက်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ကံမမြို့က စိုပြေစတားရေသန့်စက်ရုံရဲ့ အလုပ်သမားတွေဟာ ရေသန့်ပို့ရင်း နေ့ခင်း ၃နာရီမှာ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာလို့ စက်ရုံပိုင်ရှင်က TikTok လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

“ မင်္ဂလာပါလို့လည်း မပြောချင်ပါဘူး။အကုန်လုံးကို ဒီပေါ်ကနေပဲ အနူးအညွတ်တောင်းပန်ပါတယ်။ကြည်တို့ စက်ရုံ ပိတ်ထားပါတယ်။ ပိတ်ထားရတဲ့အကြောင်းအရင်းက ကြည်တို့ကလေးတွေ လမ်းကြောင်းပေါ်မှာ နေ့ခင်း ၃နာရီလောက် ရေပို့နေရင်းနဲ့ ပေါ်တာ ဆွဲခံရပါတယ်။အခုချိန်ထိလည်းထုတ်လို့ မရပါဘူး။အကြောင်းအမျိုးမျိုးနဲ့ပေါ့။၀န်ထမ်းလည်းမရှိတော့ဘူး။ကျန်တဲ့ ၀န်ထမ်းကလည်း မထွက်ရဲဘူး။ဆွဲနေတဲ့အတွက်ကြောင့် အဲဒါကြောင့်မလို့ သောက်သုံးသူတွေအားလုံးကို တောင်းပန်ပါတယ်။ကြည်တို့ စက်ရုံက Run လည်းမ Run ပါဘူး။၀န်ထမ်းတွေက ခိုင်းလို့လည်းမရတော့ဘူး။ခေါ်လို့လည်းမရတော့ဘူး။ဒါကြောင့်မလို့ စက်ရုံကို လုံးလုံးပိတ်ထားပါတယ်နော်။၀န်ထမ်းမရှိတော့လို့ပါ ကြည်စက်ရုံ ပိတ်ထားပါတယ်” လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပေါ်တာဆွဲခံရတဲ့ ကလေးတွေ ပြန်လည်လွတ်မြောက်ဖို့လည်း ကြိုးစားနေတယ်လို့ စိုပြေစတားရေသန့်စက်ရုံပိုင်ရှင်က ဆိုပါတယ်။

“ ကျန်တဲ့အချိန်ဆွဲရင် လက်ခံပါတယ်။အခုတော့ နေ့ခင်း ရေဖြန့်ချီနေတဲ့အချိန် ၃နာရီထိုးကြီးမှာ ကားပေါ်ကနေ ကလေးတွေကို ဆွဲချသွားတယ်။ကြည်တို့ဆိုတာ မြို့ရဲ့သောက်သုံးရေကို ဖြန့်ဖြူးနေတယ်။ပြီးတော့ ဆေးရုံလှူတယ်။ကံမမြို့နယ်က ဘုန်းကြီးကျောင်းမှန်သမျှလှူတယ်ဆိုတာသိကြပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

စစ်တပ်က အခု မတ်လအတွင်း သရက်နဲ့ ကံမမြို့နယ်တွေမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာ ဆိုးရွားနေပြီး ဈေးဆိုင်တွေထဲအထိ ဝင်ဖမ်းတာ၊ နေအိမ်တွေပေါ် တက်ဆွဲတာတွေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ လေးရက်ထဲကို ၁၇ ယောက်လောက်ဆွဲခံရတယ်” လို့ သူက ပြောပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး ၂၀၂၄ ဧပြီကစတင်ပြီးနောက်ပိုင်း လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးမှုတွေရှိနေတာဖြစ်ပါတယ်။

အခု မတ်လဆန်းကလည်း တောင်ဥက္ကလာပမြို့နယ်မှာ ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်ထံရောင်းစားခဲ့ပြီး စစ်တပ်ကနှိပ်စက်လို့သားဖြစ်သူသေဆုံးသွားခဲ့တာကြောင့် အဲဒီ့သတင်းကိုကြားချိန်မှာ မိခင်ဖြစ်သူပါ စိတ်ထိခိုက်ပြီး သေဆုံးခဲ့ပါတယ်။

စစ်မှူထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီမှာ စစ်မှုထမ်း အပတ်စဉ် (၂၂)ရောက်ရှိ ခေါ်ယူနေပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းခေါ်ဆောင်တာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး လူစားထိုးမှုတွေလည်း များလာပါတယ်။

ငွေပေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ စစ်တပ်က အဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းတာကို ပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်က လစဥ်စစ်မှုထမ်းခေါ်တဲ့အပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ နဲ့ ပေါ်တာဆွဲတာတွေကိုလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာဖြစ်နေပါတယ်။

စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကို ဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေတူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတာ​ကြောင့် ဒေသခံပြည်သူ ၁၃ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြိုးရွာနဲ့ စိန်ပန်းကုန်းရွာကြားမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ရွာကို ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာမတ်လဒုတိယပတ်အတွင်း နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက မနေ့ (မတ်လ ၁၈ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လွှတ်​တော်​ခေါ်တဲ့ ဒုတိယ​နေ့မှာ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေက ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကမတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook