close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မော်တော်ယာဥ်တွေ ဆီဝယ်ပမာဏ စစ်ကောင်စီကန့်သတ်

​မန္တလေးတိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဥ်တွေကို တစ်ကြိမ်ဝယ်ရင် ရောင်းချပေးရမယ့် စက်သုံးဆီပမာဏကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

(မန္တလေးမြို့မှာ စက်သုံးဆီရဖို့စီတန်းနေကြစဉ်နဲ့ စစ်ကောင်စီရဲ့ စက်သုံးဆီရောင်းချမှုကန့်သတ်သည့်ကြေညာချက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မတ် ၉၊ ၂၀၂၆ ဇေအောင်/People’s Spring

​မန္တလေးတိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဥ်တွေကို တစ်ကြိမ်ဝယ်ရင် ရောင်းချပေးရမယ့် စက်သုံးဆီပမာဏကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

​ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကစပြီး ယာဥ်အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ရင် ဆိုင်ကယ် ၂ လီတာ၊ သုံးဘီးနဲ့ အိုးဝေ ၄ လီတာ၊ အိမ်စီးကားများ ၁၂ လီတာ၊ Light Truck (အိမ်စီးကားအမျိုးအစား)၂၀ လီတာ၊ ခရီးသည်တင်ယာဉ်နဲ့ ကုန်ကားကြီးများ ၅၀ လီတာသာ ဝယ်ယူခွင့်ရှိတော့မှာဖြစ်ကြောင်း စစ်ကောင်စီက ဆီဆိုင်တွေမှာ အသိပေးပါတယ်။

“ အခုကတော့ ဆိုင်တွေက မမှန်သေးဘူး။ တစ်သောင်းဖိုးရောင်းတဲ့ဆိုင် ရောင်းတယ်။ တစ်သောင်းခွဲဖိုးရောင်းတဲ့ဆိုင် ရောင်းတယ်။ ပတ်ဝယ်နေရတာပဲ” လို့ မန္တလေးမြို့က သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အရောင်းဆိုင်တွေအနေနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ ရောင်းချရမည်ဖြစ်ပြီး၊ ပုံး သို့မဟုတ် ပေပါနဲ့ ရောင်းချခြင်းကို လုံးဝခွင့်မပြုဘဲ တားမြစ်ထားတယ်လို့ သိရပါတယ်။

စက်သုံးဆီဆိုင်တွေအနေနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေရဲ့ထောက်ခံချက်ပါတဲ့ ဌာနဆိုင်ရာယာဥ်တွေကို ဦးစားပေးရောင်းဖို့ကိုလည်း စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စုံမခွဲတဲ့စနစ် ရှုပ်ထွေးမှုကြောင့်မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ တစ်ဆိုင်တစ်မျိုး ရောင်းချနေကြပြီး ပြည်သူတွေဝယ်ယူရခက်ခဲနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေတပ်စခန်းတစ်ခုဆုံးရှုံးပြီး နောက်ထပ် ရေတပ်စခန်းဌာနချုပ်တစ်ခု တိုက်ခိုက်ခံနေရချိန်မှာ အာဏာသိမ်းခေါင်းဆောင်က အကြီးဆုံး ရေလုံလွန်းကျင်းဖွင့်ပွဲနဲ့ စစ်ရေယာဉ် ၅ စီး ရေချပွဲခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်အစိုးရအဖြစ် ပုံဖော်ကာ နိုင်ငံတကာကို လိမ်လည်ဖို့ လုပ်ဆောင်တော့မှာ ဖြစ်သလို သူတို့ လုပ်နေကျ အတိုင်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ လမ်းကြောင်းတွေကို အကြောင်းပြ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ကသာမြို့က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ မော်လူးမြို့က နန်းခွင်းကျင်ကျေးရွာဝန်းကျင်ကို စစ်ကောင်စီက ဒီနေ့ မတ်လ ၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ရွာတွေကို တပ်စွဲထားတဲ့ စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook