close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဖေဖော်ဝါရီ ၁၀၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး “ ကလေးမြို့က တော်လှန်ဆဲ ပုန်ကန်ဆဲ” စာသားနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်တိုက်ပွဲဟာ နယ်​မြေမငြိမ်သက်တဲ့ကြားကအာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ကြောင်း ​ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ထုတ်ကုန် ပစ္စည်းတွေ ဝယ်ယူမသုံးစွဲဲကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းဒေသခံ တော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျရှုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်မှာ စစ်ကောင်စီ တပ် စစ်ကြောင်းလိုက်​ချေမှုန်းခံရပြီး စစ်သုံ့ပန်း နဲ့ လက်နက်တွေရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ဝါဒဖြန့်မှုသတိထားရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာထားရတယ်လို့ မြေပြင်မှာရှိ​နေတဲ့ ရဲဘော်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာစစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လူထုသပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့(ဖေဖော်ဝါရီ ၈)မှာပြုလုပ်ခဲ့ပါတယ်။