close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် ပ၀ရွာခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ပ၀ကျေးရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၂၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ပ၀ကျေးရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၇ရက် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ အမှတ်(၃၀၆)အမြောက်တပ်ရင်းက ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်လို့ ပဝရွာခရစ်ယာန်ဘုရားကျောင်းအဆောက်အအုံအနည်းငယ်ထိခိုက်ပျက်စီးခဲ့ဟု အသိပေးပါတယ်။

” တိုက်ပွဲဖြစ်ပွားမှုမှရိဘဲ သူတို့ လုပ်တာပေါ့နော်”လို့ KNLAတပ်မဟာ(၄) သတင်းရင်းမြစ်က စစ်ကောင်စီရဲ့ အကြောင်းမဲ့ တိုက်ခိုက်လာမှုအပေါ် ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာဆက်လက်တည်မြဲနိုင်ရေး သူတို့အုပ်ချုပ်ရာနယ်မြေတွေမှာရွေးကောက်ပွဲအတင်းအဓမ္မ ပြုလုပ်ဖို့ ကြိုးပမ်းနေသလို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေဖြစ်တဲ့ KNU မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်ရာဒေသတွေက ပြည်သူတွေ အကြောက်တရားဖြစ်ပေါ်စေဖို့ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အရင်ကလည်း KNU မြိတ်-ထားဝယ်ခရိုင်အတွင်း အရပ်သား ပြည်သူနေထိုင်ရာတွေကို လေယာဉ်ဗုံးကြဲတာ၊လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမနဲ့ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သူ ၄ဦးကို ဖမ်းမိပြီဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဒီဇင်ဘာ-၂၀၊၂၀၂၅။ဆန်အောင်/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)မှာကျင်းပတဲ့ ၂၇၆၅ နှစ်ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဂုဏ်ပြုပွဲအခမ်းနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး တို့တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း KNU...

သတင်း

ကရင့်အမျိုးသားတော်လှန်ရေးရဲ့ ရည်မှန်းချက် ဟာ အာဏာရှင်ဝါဒနဲ့ အာဏာရှင်ပုံသဏ္ဍာန် အမျိုးမျိုးကို ဆန့်ကျင်တိုက်ဖျက်ဖြိုချအဆုံးသတ်ပြီး နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အဖြစ် တည်ဆောက်သွားဖို့ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပါတယ်။

သတင်း

"ကျနော်တို့က ဒီပြဿနာကို ကျနော်တို့ရှင်းမယ်။ တမင်သပ်သပ် ပြဿနာဖန်တီးတာမဟုတ်ဘူး။ မတော်တဆ ပြီးတော့အောက်ခြေမှာရင်းနှီးမှုနဲ့ နားလည်မှု မရှိလို့ဒီလိုဖြစ်တာပါ" -KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ