ဒီဇင်ဘာ-၂၁၊၂၀၂၅။သတိုး/People’s Spring
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့(မဟန)ဆရာတော်ကြီးတွေ မေတ္တာရပ်ခံပေးဖို့ တောင်းဆိုစာပို့နိုင်ရေးအတွက် လက်မှတ်စုဆောင်းတဲ့ ကမ်ပိန်း ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဥက္ကဌ ကတူးမာတင်က ပြောပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်ကြီးများမှ အမေစုလွတ်မြောက်ရေးအတွက် တောင်းဆိုပွဲပြုလုပ်ခဲ့သော်လည်း ဆရာတော်ကြီးများမှ မျက်ကွယ်ပြုဥပေက္ခာပြုခဲ့ပြီး ဘာမှလုပ်ဆောင်ဆောင်ရွက်ပေးခြင်းမရှိခဲ့တဲ့အတွက် လက်မှတ်စုဆောင်းပြီးတောင်းဆိုစာပေးပို့မှာဖြစ်ပါတယ်။” လို့ပြောတယ်။
အဲဒီ လက်မှတ်စုဆောင်းတဲ့ကမ်ပိန်းကို ဂျပန်နိုင်ငံ အိုဆာကာမြို့မှာဒီနေ့ (ဒီဇင်ဘာ၂၁)ပြုလုပ်တဲ့ ဖက်ဒရယ်ပွဲတော်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
ကမ်ပိန်းမှာပါဝင်သူတွေက “ သီတဂူဆရာတော်ကြီး မော်စကိုမှာ ငြိမ်းချမ်းရေးစေတီတည်ပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် နှုတ်ဆိတ်နေတော့မှာလား” “ မြန်မာပြည်ငြိမ်းချမ်းရေးအစ အမေစုလွတ်မြောက်ရေးမှစ” “ မြို့ရွာတွေပျက် ပြည်သူတွေသေကြေမှုများနေပြီအမေစုလွတ်မြောက်ရေးဟာ ပြန်လည်တည်ငြိမ်ခြင်းရဲ့လမ်းစ” “ အမေစု သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ကျဉ်း များအားလုံးကို ချက်ချင်းလွှတ်ပေးပါ” စတဲ့စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ဖြင့် ၁၅ နှစ်နေခဲ့ရပြီးယနေ့အသက်၈၀ကျော်တဲ့ထိ ထောင်ထဲမှာဖမ်းဆီးခံထားရဆဲဖြစ်ပါတယ် အဲ့ဒါကို ဆရာတော်ကြီးတွေအနေနဲ့ မေတ္တာတရားမထားပေးတော့ဘူးလားလို့ လျှောက်ထားချင်ပါတယ် “ လို့ ကတူးမာတင်က ပြောပါတယ်။























































