close
Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်အောင်ကျော်နေ့(ခ)ကျောင်းသားနေ့ (၈၇)နှစ်ပြည့်အထိမ်းအမှတ် စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဗိုလ်အောင်ကျော်နေ့ (ခ) ကျောင်းသားနေ့ (၈၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ-၂၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဗိုလ်အောင်ကျော်နေ့ (ခ) ကျောင်းသားနေ့ (၈၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ[ဗ.က.သများအဖွဲ့ချုပ်]က မဟာမိတ်အဖွဲ့အစည်းဖြစ်သော ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းနဲ့အတူ အခြေခံပညာကျောင်းသားသမဂ္ဂရဲဘော်တွေက ဗိုလ်အောင်ကျော်ကျဆုံးခြင်း (၈၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာမှာ ဆန္ဒပြပွဲကျင်းပခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ် အမှတ် (၁) နယ်မြေ မြို့နယ် ယာယီရုံးမှာ ဗမာနိုင်ငံကျောင်းသားနေ့ (ခ) ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲ တရပ်ကို ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းအခမ်းအနားမှ အစီအစဉ် (၆)ရပ် ပြုလုပ်ခဲ့ပြီး တိုက်ပွဲဝင်ဗကသအလံတော်အလေးပြုခြင်း ၊ ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဌ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းသားရဲဘော်တွေက ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုခြင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ ညနေခင်းသပိတ်အဖြစ် “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ပဲခူးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့" စာသားနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီကနေ့ (ဒီဇင်ဘာ ၁၈) မှာ ဆန္ဒပြခဲ့ပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မုသား​တွေ ၊အဆီအ​ငေါ်မတည့်တဲ့စကား​တွေ၊ မရယ်ရတဲ့ပျက်လုံး​တွေပိုပြီးကြားလာရပါတယ်။အရပ်ထဲ၊ရွာထဲ၊မြို့ ထဲ၊ဈေးထဲအထိ လေနဲ့လွင့်လာသလို ဖျတ်ခနဲပေါ်လာကြတဲ့ ဖြူ၊နီ၊ပြာ၊ဝါ၊စိမ်း ရောင်စုံစေတနာ့ရှင် တွေကိုလည်း အွန်လိုင်းပေါ်ကနေတွေ့ရပါတယ်။

သတင်း

ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းလှုံ့ဆော်မှုပြုလုပ်သွားပါတယ်။