close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးဆေးရုံဗုံးကြဲခံမှု သေဆုံး၊ထိခိုက်သူတွေအတွက်အလှူရှင်တွေကကျပ်သိန်း ၅၀၀၀ ကျော်လှူဒါန်း

မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့​သောကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာသူတွေကိုလူမှုကူညီရေးလုပ်ဆောင်နေသူတွေကတစ်ဆင့် ပြည်တွင်း၊ပြည်ပမှအလှူရှင်တွေက ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်လှူဒါန်းထားတယ်လို့သတင်းရရှိပါတယ်။

​​မြောက်ဦးဆေးရုံဗုံးကြဲခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဝေဟင်​​အောင်

ဒီဇင်ဘာ-၁၉၊၂၀၂၅။အိမ်သွင်/People’s Spring

မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့​သောကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာသူတွေကိုလူမှုကူညီရေးလုပ်ဆောင်နေသူတွေကတစ်ဆင့် ပြည်တွင်း၊ပြည်ပမှအလှူရှင်တွေက ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်လှူဒါန်းထားတယ်လို့သတင်းရရှိပါတယ်။

တိုင်းရင်းသားအရေးဆောင်ရွက်တဲ့စာရေးဆရာဝေဟင်အောင်ထံကို ဆက်သွယ်လှူဒါန်းကြတာဖြစ်ပြီး ငွေကျပ်သိန်း ၅၀၀၀ ကျော် ရရှိထားပြီဖြစ်ပါတယ်။

အလှူငွေတွေကို လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ထံအပ်လိုက်ပြီး HDCOကတဆင့် ဆက်လက်ထောက်ပံ့မှာလို့ ကိုဝေဟင်အောင်ကအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေရဲ့မိသားစုဝင်တွေနဲ့ ဒဏ်ရာရသူတွေကို မျှဝေလှူဒါန်းနေပြီး ဆေးရုံအတွက် ကျပ်သိန်း၂၁၀၀ခန့်တန်ဖိုးရှိ ဓာတ်မှန်စက် (X Ray )၃ လုံးအပြင်အခြားဆေးဘက်ဆိုင်ရာသုံးပစ္စည်းတချို့လည်းလှူဒါန်းသွားမယ်လို့ကိုဝေဟင်အောင်ကလူမှုကွန်ရက်ကနေရှင်းပြထားပါတယ်။

စစ်တပ်က မြောက်ဦးမြို့ကပြည်သူ့ဆေးရုံကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာလေကြောင်းကနေတိုက်ခိုက်လို့ ‌ဆေးကုသနေသူတွေ၊ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒါအပြင် ဒီဇင်ဘာလ ၁၁ရက်နေ့မှာရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကို လေကြောင်းကနေ ဆက်လက် ဗုံးကြဲလို့စစ်ဘေးရှောင်ရှစ်ဦးသေဆုံးခဲ့ပြန်ပါတယ်။ လက်ရှိရတဲ့အလှူငွေတွေထဲကတချို့ကို ကျောက်ဖြူမြို့နယ်က ထိခိုက်သေဆုံးသူတွေအတွက်မျှဝေလှူဒါန်းသွားမယ်လို့လည်းသိရပါတယ်။

မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် စစ်တပ်က တာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်သွားမယ်လို့ အာရက္ခတပ်တော်( AA)က ထုတ်ပြန်ထားပါတယ်။

မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ နဲ့ ဒီမိုက​ရေစီအ​ရေး​ဆောင်ရွက်​နေတဲ့အဖွဲ့အစည်း​တွေကလည်း အကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ် ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုက ​ရွေး​ကောက်ပွဲလုပ်မယ်ဆိုတဲ့ ဒီဇင်ဘာလမှာပဲ မြောက်ဦးကိုဗုံးကြဲပြီးတဲ့နောက် ကျောက်ဖြူ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တွေကိုဗုံးဆက်ကြဲခဲ့သလို လက်ရှိမှာလည်း စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်း၊ချင်းပြည်နယ်ကမြို့နယ်တွေကိုဆက်တိုက်ဗုံးကြဲ​နေလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဘေးရှောင်တွေထွက်ခွာရာ လမ်းတွေကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်နေရာမှာ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နေ့ခင်း ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ အခုနှစ် ဒီဇင်ဘာခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း လူစု၊လူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာမပြုဖို့နဲ့ လိုက်နာခြင်းမရှိပါကတည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ ဆီဘောက်ဆာကားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook