close
Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့ပေါ်ကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်

ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းလှုံ့ဆော်မှုပြုလုပ်သွားပါတယ်။

မြောင်မြို့ပေါ်တွင် ရွေးကောက်ပွဲဆန့်ကျင်ဖို့ အသိပေးကြေညာစာရွက်များ ကပ်ထားစဥ်။ ဓာတ်ပုံ-ရဲဘော်စမာ

ဒီဇင်ဘာ-၁၈၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းလှုံ့ဆော်မှုပြုလုပ်သွားပါတယ်။

မနေ့က ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီကျော်မှာ မြောင်မြို့ပေါ်က ဗိုလ်ချုပ်ကြေးရုပ်အပါအဝင် မြို့ပေါ်နေရာတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်လာပြီး အားလုံးမပါဝင်နိုင်တဲ့၊ မတရားတဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ဗုံးကြဲသတ်ဖြတ်နေတဲ့ စကစရွေးကောက်ပွဲ အလိုမရှိ စတဲ့စာသားပါ စာရွက်တွေကို လိုက်လံ ကပ်သွားခဲ့ကြောင်း CDSOMဗိုလ်စကြာစစ်ကြောင်းက ရဲဘော်စမာက ပြောပါတယ်။

“ ရွေးကောက်ပွဲမဲမထည့်ဖို့နဲ့ အသိပေးစာတွေကြဲခဲ့တာပါ။ ခါတိုင်းစကစလာပြီး ကင်းပုန်းဝပ်တဲ့နေရာကို။ ပြည်သူကိုထင်တိုင်းကြဲ ဗုံးကြဲသတ်ဖျက်နေပြီးရွေးကောက်ပွဲ လုပ်ပြီးနာမည်ကောင်းလိုချင်နေတဲ့စကစကိုမလိုမရှိလို့ လုပ်ခဲ့ဖြစ်တာပါ” လို့ ရဲဘော်စမာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောင်မြို့ပေါ်မှာလည်း အာဏာသိမ်းစစ်အုပ်တွေ စစ်ဆေးတင်းကြပ်လေ့ရှိပြီး ဖမ်းဆီးနှိပ်စက်ငွေညှစ်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းထဲက မုံရွာနဲ့ ရွှေဘိုမြို့ပေါ်တွေကို တော်လှန်ရေးအဖွဲ့တွေဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဗီနိုင်းတွေထောင်တာ၊ လက်ကမ်းစာရွက်တွေဝေတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (ဒီဇင်ဘာ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ကစစ်တပ် မီးရှို့ခဲ့တဲ့ကျေးရွာ ၂ရွာက အိမ်ထောင်စု ၅၀ကျော်ဟာ အရေးပေါ် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ လိုအပ်နေကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ကြဖို့ (ဒီဇင်ဘာ ၁၆) မှာ ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ဟာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။