close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းတွေ လွှတ်ပေးရေး မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (ဒီဇင်ဘာ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ GSCB

ဒီဇင်ဘာ-၁၇၊၂၀၂၅။ သုည/People’s Spring

မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (ဒီဇင်ဘာ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်မှာ လူထုလှုပ်ရှားမှုကော်မတီက ဦးဆောင်ပြီး စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ် ၁၈ ခု ထောင်ကာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆွဲကာ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ်ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက ရာသီခွင်အလုပ် မအားတဲ့ကြားမှ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ဟာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ လူစည်ကားတဲ့ ရန်ကုန်မြို့လယ်က ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဆိုင်းဘုတ်ချပြီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒမဲပေးနိုင်တဲ့ ဝက်ဆိုက်ဒ်မှာ လေးရက်အတွင်း မဲတစ်သန်းကျော်ရရှိထားပါတယ်။

အတွေးအမြင်

အညစ်ပတ်ဆုံးရွေးကောက်ပွဲများလို့ခေါင်းစဉ်တပ်လိုက်တဲ့အခါ အတော်ခေါင်းစားရပါတယ်။ရေးစရာ မရှိလို့မဟုတ်ပါ။ရေးစရာများနေလို့ဖြစ်ပါတယ်။