close
Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့စစ်ဆေးရေးဂိတ်က စစ်သားတစ်ဦး သေနတ် ၂လက်ယူလာပြီး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရဲ့စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်သားတစ်ဦး သေနတ် ၂လက်ယူလာပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

အလင်းဝင်တပ်သားယူလာတဲ့ သေနတ် ၂လက်။ ဓာတ်ပုံ - ရေဦးပကဖ

ဒီဇင်ဘာ-၁၇၊၂၀၂၅ ၊ မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရဲ့စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်သားတစ်ဦး သေနတ် ၂လက်ယူလာပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၁၇ ရက်) မနက် ၈နာရီဝန်းကျင်က ရေဦးမြို့ ကြာဖူးအဝိုင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်သားတစ်ဦးက MA1 တစ်လက်နဲ့ G-3တစ်လက် ယူလာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ ရွှေဘိုမြို့နယ်အခြေစိုက်ထောက်ပို့တပ်က တပ်သား ကျော်မျိုးသူ အလင်းဝင်လာရတဲ့အကြောင်းအရင်းကို မေးမြန်းနေဆဲဖြစ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ ဒီနေ့တော့ မှတ်တမ်းမယူနိုင်သေးဘူး” လို့ ရေဦးပကဖ တာဝန်ရှိသူက အလင်းဝင်တပ်သားနဲ့ပတ်သက်ပြီး လူထုနွေဦးကို ပြောပါတယ်။

အခုတပ်သားအပြင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲနဲ့ စစ်သားရှစ်ဦးဟာ ရေဦးပကဖထံ အလင်းဝင်လာပါတယ်။

ရေဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်က ကြာဖူးအဝိုင်း၊တိုင်းရင်းဆေးရုံ၊ ရဲစခန်း ၊ ရွှေကျီးမင်းဂိတ် နဲ့ မြို့မြောက်ဘက်ဂိတ်ဆိုပြီး စစ်ဆေးရေးဂိတ်စခန်းတွေမှာ အင်အား ၃၀၀ဝန်းကျင် နဲ့တပ်စွဲထားတာဖြစ်ပါတယ်။

ဒါ့အပြင် ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ပေါ်မှာသာ တပ်စွဲထားနိုင်ပြီး ကျေးရွာ ၁၉၁ ရွာအနက် အောင်သာယာကျေးရွာကလွဲရင် ကျန်ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမှုရရှိထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီရဲ့တပ်မ(၇၇)လက်အောက်ခံအမှတ်(၁၀၇)ခြေမြန်တပ်ရင်း(ခမရ-၁၀၇)က စစ်မှုထမ်းတပ်သားသစ် လေးဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားတဲ့ တပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က နိုဝင်ဘာ ၁၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ စစ်အာဏာရှင်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လာရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ အခု ၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၂၂၄၆ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ဒီကနေ့...

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(အောက်တိုဘာ ၂၈ရက်) ထုတ်ပြန်ပါတယ်။