close
Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနဲ့ခင်ဦးနယ်အစပ်ကို စစ်တပ်ကလေယာဉ် ၆စီးနဲ့ဗုံးကြဲ၊ စစ်ရှောင်တွေ ဒါဇင်နဲ့ချီ သေဆုံး

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

ဒီဇင်ဘာ-၁၇၊၂၀၂၅၊ရှိန်း/ People’s Spring

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲကနေ မြစ်ကမ်းကူးကာ စစ်ရှောင်ဖို့ထွက်ခွာနေတဲ့ ပြည်သူတွေကိုမနက် ၉နာရီကစတင်ကာ တံတားဦးလေတပ်က ဂျက်ဖိုက်တာ ၆စီးနဲ့ အကြိမ်၃၀ကျော် လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“ သေဆုံး တော်တော်ကိုများတယ်လို့ သိရတယ်။စစ်ရှောင်ထွက် ပြေးနေကြတဲ့ပြည်သူ တွေအများကြီးကို ဆက်တိုက်လိုက်ကြဲနေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်တာနက်နဲ့ဖုန်းလိုင်းအခက်အခဲကြောင့် သေဆုံးမှု အတိအကျကို ဒီနေ့ ညနေပိုင်းအထိ မသိသေးပါဘူး။

မနေ့ကလည်း ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်ကခရီးသည်ယာဉ်တန်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာမို့ သံဃာတစ်ပါးနဲ့ ပြည်သူ ၃ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ကိုယ်တိုင်စီစဉ်ထားတဲ့ ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်းအလိုမှာ စစ်ဘေးရှောင်တွေရှိနေတဲ့ ဒေသတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ အရှိန်မြှင့်လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုဖြစ်၊အာဏာရှင်စနစ် ချေမှုန်းနိုင်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်း ၄၀ ကျော် စုပေါင်းထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်းယင်းမာပင် နဲ့ ကနီမြို့ကိုအာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဒီဇင်ဘာ ၁၅ ရက်မှာ ဗုံးကြဲခဲ့တာ​ကြောင့်ဒေသခံ ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ ခရီးသည်တင် ယာဉ် ကားတန်းကို စစ်တပ်က လေကြောင်းကနေ ၁၀ကြိမ်ထပ်မနည်းတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးအပါအဝင် ၄ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ‌‌‌‌‌‌‌ဒေသခံတွေက ပြောပါတယ်။

သတင်း

ထိခိုက်ခံစားရသူတွေကို အကူအညီပေးဖို့ ချိတ်ဆက်နေဟု အသိပေး၊ စစ်အုပ်စုစစ်ရာဇဝတ်မှု ကျူးလွန်တာကို ချက်ချင်းကြားဝင်ဖို့၊ အရေးယူဖို့ နိုင်ငံတကာကို တိုက်တွန်း